Chapter 5.3(U/Z)

366 90 4
                                    

Unicode

အခန်း ၅.၃ - Angelo Phantom

နောက်တစ်နေ့နံနက်တွင် ရှီးပိုင်ချန်သည် brand များသာရောင်းသည့်စတိုးဆိုင်တစ်ခုသို့သွားခဲ့ပြီးသူ၏ပန်းတိုင်မှာကောင်တာရှိရေမွှေးများဝယ်ရန်ဖြစ်သည်။

"ဆရာ၊ဘာများအလိုရှိပါသလဲ"ဟု ကောင်တာမှဝန်ထမ်း အမျိုးသမီးကယဉ်ကျေးစွာ မေးသည်။

"ကျေးဇူးပြုပြီး ရေမွှေးအားလုံးကို ပြပေးလို့ရမလား" ဟု ရှီးပိုင်ချန်ကပြန်ဖြေသည်။

"အားလုံးလား"

ကောင်တာမှအမျိုးသမီးက သူ့ကိုတိတ်တဆိတ်စိုက်ကြည့်နေသည်။ သူသည် ဒီဇိုင်နာအဝတ်အစား၀တ်ဆင်ထားတာမို့‌သန့်ပြန့်နေသည်။

"အင်း"

"ခဏစောင့်ပေးဦးနော်"

ကောင်တာရှိအမျိုးသမီးသည် ရေမွှေးနမူနာများအားလုံးကို ကောင်တာပေါ်၌တင်ကာရှီးပိုင်ချန်းအားလုံးကိုဝယ်ရန်မျှော်လင့်နေသည်။

ရှီးပိုင်ချန်းသည်ပုလင်းကို ကောက်ယူကာ အနီးကပ်ရှူသွင်းလိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ဒုတိယပုလင်း၊ တတိယပုလင်းကို ကောက်ယူလိုက်ကာတစ်လှည့်စီ အနံ့ခံလိုက်ပြုလုပ်နေတာမို့‌ မွှေးရနံ့များစွာရောယှက်နေသောရနံ့က သူ့နှာခေါင်းထဲသို့တိုးဝင်လာကာ အသက်ရှုမဝလုနီးပါးဖြစ်သွားသည်။

နောက်ဆုံး ရေမွှေးပုလင်းကိုချလိုက်သည်နှင့် သူကြိုက်လားမကြိုက်ဘူးလားဆိုတာကိုတင်းတင်းကြပ်ကြပ်စိထားသော နှုတ်ခမ်းများကသူ့ခံစားချက်များကိုထုတ်ဖော်ပြသနေသည်။

“ဒီရေမွှေးတွေကဒီနှစ်ပိုင်းမှာ အတော်လေးရေပန်းစားတဲ့ စတိုင်လ်အသစ်တွေပါ။ရှင်စိတ်၀င်စားရင်ကျွန်မတို့အတူတူ ဆွေးနွေးလို့ရပါတယ်။"ဟု ကောင်တာမှအမျိုးသမီးက အားရပါးရမိတ်ဆက်ပေးသည်။

"မလို‌ဘူး။ရတယ်။"

ရှီးပိုင်ချန်းသည်တိုက်ရိုက်ငြင်းဆန်လိုက်ကာကောင်တာရှိ အမျိုးသမီး၏တင်းမာနေသည့်မျက်နှာအမူအရာကိုဂရုမစိုက်ဘဲ ချက်ချင်းပင်ထွက်သွားခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Opowieści tętniące życiem. Odkryj je teraz