Chapter 3.3 (U/Z)

380 82 0
                                    

အခန်း ၃.၃ - မတူညီတဲ့ကမ္ဘာလေးတစ်ခု။

Unicode

သူမ စိတ်ရှုပ်စွာနဲ့အတွေးများနေတုန်းမှာပဲ ရှီပိုင်ချန်းသည်မီလီကို ဗီလာထဲသို့ခေါ်သွားပြီး ဆိုဖာအလယ်မှာသပ်သပ်ရပ်ရပ် ထားခဲ့ပါတယ်။

ရှီပိုင်ချန်သည် စျေးဝယ်အိတ်ထဲမှ အရာများကို ဂရုစိုက်စွာသိမ်းဆည်းပြီး လက်ဖက်ရည်ပူပူတစ်ခွက်ကိုဖျော်ကာ မီလီဘေးတွင်ဝင်ထိုင်လိုက်သည်။  ထို့နောက်သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ပင်လယ်စာဟင်းပွဲတစ်ပွဲကို အွန်လိုင်းမှမှာယူခဲ့သည်။

[ရှင်စောစောကလမ်းမှာတစ်ခါတည်းဘာလို့မစားလာတာလဲ။] ဟု မီလီက လိုင်းကမှာယူတာကိုတွေ့တာနဲ့စိတ်မထိန်းနိုင်တော့ပဲမေးလိုက်မိသည်။

“လူအရမ်းရှုပ်တယ်။”

ပြီးနောက် ရှီပိုင်ချန်သည်သူ့ဖုန်းကို ဘေးသို့ပစ်ချကာ လက်ဖက်ရည်ပူပူကို ကောက်ယူပြီးတီဗီကိုဖွင့်လိုက်သည်။

[ရှင်ကိုယ်တိုင် မချက်စားဘူးလား။]

“မချက်ဘူး။” ဟု ရှီပိုင်ချန်သည် ပျင်းရိသောအမူအရာဖြင့်ဖြေကာ ဤအကြောင်းအရာကို စိတ်ဝင်စားခြင်းမရှိကြောင်း ပြသသည်။

[အပြင်စာတွေစားတာကရေရှည်ဆိုကျန်းမာရေးထိခိုက်နိုင်တယ်။ကိုယ်တိုင်ချက်ပြုတ်တတ်အောင် သင်ယူသင့်တယ်။တကယ်လို့ကိုယ်တိုင်မလုပ်ချင်ရင်လည်း တစ်စုံတစ်ယောက်ကို ငှားနိုင်တာပဲလေ။] ဟုမီလီသူ့ကို စိတ်အားထက်သန်စွာ သင်ကြားပေးပြီး စိတ်မကြည်တဲ့ ကလေးထိန်းနာနီကြီးတစ်ယောက်လို ပြောင်းလဲပြောဆိုလိုက်တယ်။

“ငါ ထမင်းဟင်းချက်ရတာ မကြိုက်သလို ငါ့အိမ်ကိုတခြားလူတွေ အဝင်ထွက်လုပ်တာကိုလည်းမကြိုက်ဘူး။”

ရှီပိုင်ချန်၏ မျက်လုံးတစ်ဝက်ကမှိတ်နေပြီး သူ့တစ်ကိုယ်လုံးကနေ လူမှုရေးဆန့်ကျင်သောအပြုမူအငွေ့အသက်များ ထွက်လာသည်။

[ကျွန်မကရော အပြင်လူမဟုတ်ဘူးလား။]

ရှီပိုင်ချန်ကသူမကို မစွန့်ပစ်ဘဲ သူမဖြစ်တည်မှုကို လက်ခံဖို့ ရွေးချယ်ခဲ့တာကို ဂုဏ်ယူသင့်သလားဟုတွေးမိလိုက်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now