Chapter 7.2(U/Z)

372 80 4
                                    

Unicode

အခန်း ၇.၂ - မကောင်းဆိုးဝါးသူဌေး

[ရှင့်ရဲ့ပိုက်ဆံတွေကုန်ခါနီးပြီလား။] မီလီက စိုးရိမ်တကြီးမေးလိုက်သည်။သူဒီနေ့တစ်ရက်တည်းမှာပဲယွမ်နှစ်သန်းကျော်သုံးစွဲခဲ့တာလေ။

“နှစ်သန်း ဒါမှမဟုတ် သုံးသန်းလောက်တော့ကျန်ဦးမယ်ထင်တယ်၊အတိအကျတော့မပြောတတ်ဘူး” ဟု ရှီးပိုင်ချန်းက အမှုမဲ့အမှတ်မဲ့ပြန်ဖြေသည်။

[ နှစ်သန်း ဒါမှမဟုတ် သုံးသန်း ? ] သန်းပေါင်းများစွာတန်တဲ့ကားတစ်စီးကိုဝယ်ပြီးတဲ့အပြင်သန်းနဲ့ချီပြီးငွေချေးပေးတာကိုကြည့်ခြင်းအားဖြင့်သူ့ကိုမီလီက အနည်းဆုံးတော့ဘီလျံနာတစ်ယောက်ဖြစ်မယ်လို့ထင်ခဲ့တာ။ခုပြောလာတဲ့ အတိုင်းဆိုသူ့ရဲ့ပိုင်ဆိုင်မှုစုစုပေါင်းဟာ သန်းဆယ်ဂဏန်းပဲရှိပါသေးတယ်။

[ရှင့်ဆီမှာအခြားအကောင့်တွေရှိသေးလား။] မီလီက မျှော်လင့်တကြီးထပ်မေးလိုက်သည်။

“မရှိဘူး” ရှီးပိုင်ချန်းကသူ့လက်ထဲရှိ ဘဏ်ကတ်ကိုလှည့်ကစားရင်းနဲ့“ဘဏ်ကတ်တစ်ခုကလုံလောက်ပြီ၊ကတ်အများကြီးဆိုဒုက္ခများလိမ့်မယ်။”

မီလီကစားပွဲပေါ်ကိုလှဲချလိုက်ပြီး : ဒါက ဘာလို့ဒုက္ခများရမှာလဲ!ကြက်ဥအားလုံးကိုခြင်းတောင်းတစ်ခုထဲတူတူမထည့်သင့်ဘူးဆိုတဲ့စကားမကြားဖူးဘူးလား။

ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအသောက်များစားတဲ့အပြင် မီလီသည်သူ့ရဲ့ဒုတိယချို့ယွင်းချက်ကိုရှာဖွေတွေ့ရှိခဲ့သည် - ငွေကြေးနဲ့ပတ်သတ်တဲ့စီမံခြင်းဆိုင်ရာမရှိပေ။

အဆုံးမရှိသောနာကြည်းမှုများဖြင့်မီလီ သည်အိပ်ရာမှနိုးလာခဲ့သည်။သူမ၏ ရင်ဘတ်သည်ကျဉ်းကျပ်နေပြီးဒေါသဖြေရန်အတွက်လိုအပ်နေပုံရသည်။

သူမသည်အိပ်ရာကထလိုက်ပြီးကိုယ့်ကိုယ်ကိုယ်အားပေးကာသူမ၏နေ့စဉ်ဘ၀ကိုပြန်သွားခဲ့တယ်။

မီလီသည်အစာစားပြီးနောက်တွင် သူငယ်ချင်းများနှင့်အတူဈေးဝယ်ထွက်ရန်အတွက်ပြင်ဆင်ခဲ့သည်။

သူမအပြင်ရောက်သည်နှင့်တပြိုင်နက် သူမ၏သူငယ်ချင်းကောင်းသွမ့်ရှောင်ယွိထံမှဖုန်းခေါ်ခြင်းလက်ခံရရှိခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now