Chapter 7.1(U/Z)

385 83 2
                                    

Unicode

အခန်း ၇.၁ - မကောင်းဆိုးဝါးသူဌေး

ရှီးပိုင်ချန်းသည်အစားအသောက်များကိုအကုန်ပြောင်စင်အောင်စားသောက်ပြီးချိန်တွင်ဖျော်ရည်ထဲရှိရေခဲများပင်အရည်ပျော်လို့ကုန်လုနီးပါးရှိနေပြီးဖြစ်သည်။

ဖြစ်စဉ်ကြီးတစ်ခုလုံးကိုမျက်ဝါးထင်ထင်တွေ့မြင်နေ‌ရတော့မီလီသည်သူ့ရဲ့အစားစားနိုင်တဲ့စိတ်ကိုမချီးကျူးပဲမနေနိုင်ပေ။အမြန်အစားအစာသည် အာဟာရမပြည့်သော်လည်း set တစ်ခုတွင်ပါဝင်သည့်ပမာဏမှာအလွန်များပြားပြီးပျမ်းမျှအရွယ်ရောက်ပြီးသူတိုင်းအတွက်ကုန်အောင်စားနိုင်ရန်မှာခဲယဉ်းသည်။

စားပြီးသောက်ပြီးနောက်ရှီးပိုင်ချန်းသည်အမြန်စား စားသောက်ဆိုင်မှထွက်ခွာလာခဲ့သည်။ကားဆီသို့အလျင်စလိုမပြန်ဘဲအနီးနားပတ်ဝန်းကျင်ကို လမ်းလျှောက်ပြီးထွက်ခဲ့တယ်။

[ထမင်းစားပြီးခြေလှမ်းတစ်ရာ လှမ်းခြင်းက အသက်ကိုးဆယ့်ကိုးနှစ်အထိအသက်ရှင်မယ်လို့ပြောကြတယ်။ရှင့်ဆီမှာဒီလိုမျိုး ကျန်းမာရေးအသိပညာရှိမယ်လို့ မမျှော်လင့်ထားမိဘူး။] မီလီက သူ့အပေါ် သူမရဲ့အမြင်ကိုပြောပြလိုက်တယ်။

"ဒီတိုင်းဗိုက်တင်းနေလို့" ရှီးပိုင်ချန်းက မသိချင်ယောင်ဆောင်ကာပြန်ဖြေသည်။

မီလီ : [...]

ထိုအချိန်တွင်ဖုန်းမြည်သံကိုကြားရတာမို့ရှီးပိုင်ချန်းကသူ့လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး "ဟယ်လို" ဟုမဖြေခင် တစ်ချက်ကြည့်လိုက်သည်။

[အစ်ကိုရှီး၊ကူညီပါဦး။] စိုးရိမ်သောကရောက်နေတဲ့ယောက်ျားတစ်ယောက်ရဲ့အသံသည် အခြားတစ်ဖက်မှထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ?" လမ်းလျှောက်ရင်းရှီးပိုင်ချန်းကမေးလိုက်တယ်။

[ကျွန်တော့်ရဲ့ရင်းနှီးမြုပ်နှံမှုအတွက်အရင်းအနှီးနည်းနည်းလေးပဲရှိတော့တယ်၊ဒါကြောင့်မို့လို့ကျွန်တော့်ကိုကူညီပေးဖို့အစ်ကိုရှီးကိုတောင်းဆိုပါတယ်။]

"ဘယ်လောက်လဲ?"

[ 800,000 ]

"မှတ်မိသလောက်ဆိုမင်းအရင်ကငါ့ဆီကနေ ယွမ် 2.8 သန်း ချေးထားသေးတယ်မဟုတ်လား။"

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now