Chapter 7.4(U/Z)

374 79 7
                                    

Unicode

အခန်း ၇.၄ - မကောင်းဆိုးဝါးသူဌေး

မီလီကတင်းတင်းစေ့ထားတဲ့သူမရဲ့မျက်လုံးတွေကိုပွတ်သပ်ရင်း “ငါအိပ်နည်းနည်းငိုက်လာပြီ၊နင်ဗိုက်မပြည့်သေးဘူးလား။နင်စားလို့ပြီးလို့ရှိရင်ပြန်ကြရအောင်။"

"အင်း၊ငါ့ကိုခဏစောင့်။" သွမ့်ရှောင်ယွိ ကစားပွဲထိုးကိုခေါ်ပြီးစားလို့ကျန်နေတာတွေကို ပါဆယ်ထုတ်ခိုင်းလိုက်တယ်။

မီလီကသူမကိုမတားခဲ့ပေ။ချွေတာတတ်သောသွမ့်ရှောင်ယွိအတွက် အစားအစာကိုဖြုန်းတီးခြင်းထက် မျက်နှာပျက်တာကိုတာရွေးချယ်မယ့်သူမျိုးဖြစ်သည်။

နှစ်ယောက်သားစားသောက်ဆိုင်မှထွက်လာပြီးနောက် သီးခြားစီအိမ်ပြန်ခဲ့ကြသည်။

မီလီသည်ဧည့်ခန်းထဲသို့ရောက်တာနဲ့ တုံ့ဆိုင်းခြင်းမရှိဘဲဖိနပ်ကိုကန်ထုတ်ကာ ဆိုဖာပေါ် ခေါင်းတင်ပြီးအိပ်ပျော်သွားလေသည်။

မီလီသည်သူမရဲ့အသိစိတ်ကထောက်ပံ့မှုမရှိဘဲရေထဲတွင်လွင့်မျောနေသလိုခံစားလိုက်ရသည်။အချိန်မည်မျှကြာသွားသည်ကို သူမ မသိသော်လည်းနောက်ဆုံးတွင်သူမ၏အသိစိတ်သည်အလင်းတန်းတစ်ခုလိုတဖြည်းဖြည်းစုစည်းလာပြီး ကျဉ်းမြောင်းလာခဲ့သည်။

"မစ္စတာရှီး၊မင်းအတွက် ပါဆယ်ထုပ်တစ်ထုပ်လာပို့တာပါ။" အပေါ်စီးမှနေပြီးကြည်လင်ပြတ်သားသောအမျိုးသားတစ်ယောက်ရဲ့အသံတစ်ခု ထွက်ပေါ်လာသည်။

မီလီသည်သူမ၏အကြည့်ကို ချိန်ညှိလိုက်တော့ယူနီဖောင်းဝတ်ထားတဲ့အမြန်ချောပို့သမားအားတွေ့လိုက်ရသည်။ရှီးပိုင်ချန်း၏ ဗီလာတံခါးအပြင်ဘက်တွင် သူမကိုသူ့လက်ဖဝါးဖြင့်ဆုပ်ကိုင်ထားသည်။

တံခါးပွင့်လာတော့အမြန်ချောပို့သမားက အမြန်ဝင်လာပြီးပါဆယ်ထုပ်ကိုတံခါးဝတွင်ပေါ်လာတဲ့လူကိုပေးလိုက်တယ်။

"ကျေးဇူးပဲ။" ရှီးပိုင်ချန်းက လက်မှတ် ထိုးလိုက်ပြီးသူ့အခန်းထဲကိုအထုပ်နဲ့ ပြန်သွားတယ်။

အထုပ်ပေါ်ရှိပို့ဆောင်ရေးလိပ်စာသည် mosaic ဖြင့်ဖုံးအုပ်ထားသကဲ့သို့မှုန်ဝါးနေပါသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now