Chapter 6.2(U/Z)

404 86 2
                                    

Unicode

အခန်း ၆.၂- Tuhao Chicken

ရေမွှေးပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး လက်ဖက်ရည်ပူပူတစ်ခွက်ကို ဖျော်လိုက်ကာ ကွန်ပျူတာကိုဖွင့်လိုက်ပြီးနောက်သူ့ဇာတ်လမ်းကိုဆက်လက်ပြုပြင်ရန်ပြင်ဆင်လိုက်သည်။

မီလီဟာ သူမရဲ့စိတ်ခံစားချက်တွေထဲ နစ်မြုပ်နေပြီးစိတ်နဲ့ကိုယ်နဲ့မကပ်သေးတာကိုသတိပြုမိတော့ရှီးပိုင်ချန်းက “ငါနောက်ထပ် ရေမွှေးအမှတ်တံဆိပ်အနည်းငယ်ကို အသုံးပြုချင်သေးတယ်။ မင်းမှာအကြံပြုစရာတံဆိပ်ရှိလား"

[အကြံပြုစရာလား။တစ်ချို့တော့ရှိတယ်။]

မီလီသည် သူမ၏စိတ်ခံစားမှုများကိုပြန်ထိန်းလိုက်ပြီးနောက်ကျွမ်းကျင်စွာဖြင့်တံဆိပ်များကို‌ရွတ်ဆိုလိုက်သည်။

[Chanel,Lancome,Estee Lauder, Adidas,Saint Laurent,Arden, Penhaligon,Annick Goutal…]

သူမသည် အသက်တောင်မရှူဘဲအမှတ်တံဆိပ်ပေါင်းတစ်ဒါဇင်ကျော်ကိုတရစပ်‌‌ပြောချလိုက်သည်။

ရှီးပိုင်ချန်းက သူမကိုတစ်ချက်ကြည့်လိုက်ပြီး "မင်းအရင်က ဘာအလုပ်လုပ်တာလဲ" ဟုမေးလိုက်သည်။

[ခန့်မှန်းကြည့်ကြည့်လေ~~]

မိန်းမတစ်ယောက်ဟာပိုလျှို့ဝှက်ဆန်းကြယ်လေလေ၊သူမဟာ ပိုဆွဲဆောင်မှုရှိလေဖြစ်ပြီး မီလီကတော့ အဆန်းကြယ်ဆုံးသောမိန်းကလေးတစ်ယောက်ပါ။

ရှီးပိုင်ချန်းက “အို” ဆိုပြီးခန့်မှန်းဖို့လုံးဝစိတ်မဝင်စားတဲ့ပုံနဲ့ပြန်ပြောတယ်။မီလီပြောပြတဲ့အမှတ်တံဆိပ်အားလုံးကိုကွန်ပျူတာထဲတွင်မှတ်လိုက်ပြီးနောက်မီလီကိုထပ်မေးလိုက်သည်။

“ဘယ်အမှတ်တံဆိပ်က အမျိုးသားဇာတ်ဆောင်နဲ့အသင့်တော်ဆုံးလို့ထင်လဲ”

[ရှင်ကိုယ်တိုင်ပဲဆုံးဖြတ်သင့်တယ်။ရှင်အကြိုက်ဆုံးရနံ့ကိုရှာကြည့်လိုက်၊အဲ့အပေါ်မူတည်ပြီးသင့်လျော်တဲ့အမှတ်တံဆိပ်ကိုရွေးချယ်လိုက်လေ။]

ရှီးပိုင်ချန်းက ခေါင်းညိတ်ပြကာအဝေးကို တစ်ချက်မော့ကြည့်လိုက်ပြီး Adidas တံဆိပ်ကို ပေါ့ပေါ့ပါးပါးရွေးချယ်ခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Waar verhalen tot leven komen. Ontdek het nu