Chapter 6.1(U/Z)

371 79 4
                                    

Unicode

အခန်း ၆.၁- Tuhao Chicken

[ဒါကရှားရှားပါးပါးအခွင့်အရေးပဲ၊ကျွန်မတို့ ရုပ်ရှင်သွားကြည့်ကြမလား။]

မီလီသည်ဒီကမ္ဘာအ‌ကြောင်းကို စေ့စေ့စပ်စပ်သိရှိနားလည်လိုတာကြောင့် ရုပ်ရှင်လုပ်ငန်းကနေပြီးအရင်သိအောင်လုပ်တာ ကောင်းမွန်သောအချက်တစ်ခုဖြစ်နိုင်သည်။

ရှီးပိုင်ချန်းသည်အချိန်ကိုစစ်ဆေးရန် သူ့လက်ကိုမြှောက်လိုက်သည်။သူသည် ရေမွှေးပုလင်းကိုအိတ်ကပ်ထဲသို့ထည့်လိုက်ပြီးအချိန်ခဏယူလိုက်သည်။

"သွားကြရအောင်။"

[ဟေ့ ရှင်သွားမယ်ဆိုရင်လည်းဘာလို့ကျွန်မကို အိတ်ကပ်ထဲထည့်ထားတာလဲ။နေရောင် ခြည်ကိုလိုအပ်တယ်။‌နောက်ပြီးကျွန်မရဲ့ ထက်မြက်မှုကိုပြဖို့လည်းလိုသေးတယ်။]

ရှီးပိုင်ချန်းသည် သူမအော်ဟစ်နေတာကို လျစ်လျူရှုကာ လမ်း၏အခြားတစ်ဖက်ရှိ ရုပ်ရှင်ရုံဆီသို့ဦးတည်သွားခဲ့သည်။

လက်မှတ်ရောင်းတဲ့နေရာကိုရောက်တဲ့အခါ ရေမွှေးပုလင်းကိုထုတ်လိုက်ပြီး "ဘာရုပ်ရှင်ကြည့်ချင်တာလဲ" လို့ မေးလိုက်သည်။

မီလီ၏ အကြည့်များသည် ဖန်သားပြင်ပေါ်တွင်ပျံ့လွင့်သွားကာအထူးသဖြင့် အခုအဖြစ်အပျက်နှင့်တူသောရုပ်ရှင်တစ်ကားကို ပြတ်ပြတ်သားသားရွေးချယ်ခဲ့သည် - [ Parallel Universe! ]

ရှီးပိုင်ချန်းကသူ့ရဲ့အဖွဲ့ဝင်ကတ်ကိုထုတ်လိုက်ပြီး "Monster Baby အတွက် လက်မှတ်တစ်စောင်" လို့ စာရေးကိုပြောလိုက်သည်။

မီလီ : [!!!]

"ပရော်ဖက်ရှင်နယ်ဆန်တာတစ်ခုခုကို ကြည့်ရအောင်၊ Parallel Universe က မင်းအတွက်မဟုတ်ဘူး။"

မီလီ : [...]

လက်မှတ်ကို အေးအေးဆေးဆေးပဲယူပြီး ရှီးပိုင်ချန်သည်ပေါက်ပေါက်နှင့် သောက်စရာတစ်ဘူးကိုဝယ်ခဲ့သည်။သူက လူကြီးတွေ၊ကလေးတွေနဲ့ရောနှောနေတဲ့ရုပ်ရှင်ရုံထဲကိုဖြည်းညှင်းစွာလျှောက်သွားသည်။

ဒီနေ့က အားလပ်ရက်ဆိုတော့ခါတိုင်းထက် ရုပ်ရှင်ကြည့်တဲ့သူတွေပိုများတယ်။
ရှီးပိုင်ချန်းသည် အလယ်လောက်တွင် ငြိမ်သက်စွာထိုင်နေသည်။သူ့ဘေးနားက လူတွေပျောက်ကွယ်သွားနိုင်လောက်တဲ့ထိဖြစ်သွားနိုင်တဲ့ပြင်းထန်တဲ့အရှိန်ဝါသူ့မှာရှိသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Où les histoires vivent. Découvrez maintenant