Chapter 8.3(U/Z)

504 86 5
                                    

Unicode

အခန်း ၈.၃ - အထူးဆုကြီး

"အဓိပ္ပါယ်မရှိတာ" ဟုပြောကာ ရှီးပိုင်ချန်းသည် သူ့လက်ကောက်ဝတ်တွင်လှိမ့်ထားသော အိမ်သာသုံးစက္ကူကိုဆွဲထုတ်လိုက်ပြီး မီလီကိုဘေးသို့လွှင့်ပစ်လိုက်သည်။

ကားပေါ်ကဆင်းပြီး စီးကရက်ဘူးဝယ်ရန်အတွက်ကုန်စုံဆိုင်ကို သွားခဲ့တယ်။ ပြန်ထွက်လာချိန်မှာတော့ သူ့ဘေးက ထီဆိုင်ကနေပြီး အလင်းရောင်တွေလင်းလက်နေတာကိုတွေ့လိုက်တယ်။နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီးနောက် ထီလက်မှတ်တစ်စောင်ကို ၁၀ ယွမ်အထိအသုံးပြုကာ ဂဏန်းငါးစုံကို ရွေးချယ်ပြီးထီထိုးခဲ့သည်။

"မင်းရဲ့ထီလက်မှတ်" ဟုဆိုကာ ရှီးပိုင်ချန်းသည် ထီလက်မှတ်ကိုအိမ်သာသုံးစက္ကူလိပ်ထဲသို့ ထည့်လိုက်သည်။

[ကျေးဇူးအများကြီးတင်ပါတယ် လူအိုကြီးပိုင်ရေ] မီလီက ထီလက်မှတ်ကို ပျော်ရွှင်စွာနဲ့ပတ်လိုက်တော့ အိမ်သာသုံးစက္ကူစတွေကလွှင့်နေသည်။

ရှီးပိုင်ချန်းတိတ်တဆိတ်တွေးလိုက်သည် - ဒါက ငါ့ကိုယုန်ရုပ်ပုံမုန့်‌ကျွေးထားတဲ့အတွက် ပြန်‌ပေးတဲ့အနေနဲ့လက်ဆောင်ပေးတယ်လို့သ‌ဘောထားလိုက်တော့...

မီလီအိပ်ရာကနိုးလာတော့ နောက်တစ်နေ့မွန်းလွဲနေပြီဖြစ်သည်။ဒီတစ်ခါတော့ သူမအိပ်တာနာရီ 20 နီးပါးရှိပြီးတော့ နှိုးစက်သံမြည်တာတောင်မှ မနှိုးဘူးဖြစ်သည်။

ဘာလို့ဒီလိုမျိုး ကွာခြားမှုတွေကရှိနေရတာလဲ။မအိပ်ခင်‌ရော အိပ်ပြီးတော့ရော ဘာမှထူးခြားတာမျိုးလည်းမဖြစ်လာပါဘူး။ခဏလေး၊မဖြစ်လာဘူးဆိုတာတော့ မမှန်ဘူး။ဒီတစ်ခါတော့ သူမဟာ အတိုင်းအတာတစ်ခုကို ဖြတ်ကျော်သွားတဲ့အခါ အလယ်နားလောက်မှာ လျှပ်စီးကြောင်းတစ်ခုကို ခံစားခဲ့ရပြီး ထုပ်ပိုးထားတဲ့စက္ကူဘဝကနေ အိမ်သာသုံးစက္ကူတစ်လိပ်ဆီကို ပြောင်းသွားတာလေ။ဒီလိုမျိုးအ‌ခြေနေက အရင်ကတစ်ခါမှ မဖြစ်ဖူးတဲ့အခြေအနေတစ်ခုပဲဖြစ်သည်။

ဒါက ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုကြောင့်များလား။

စဉ်းစားပြီးတဲ့နောက်မှာတော့ မီလီသည်ပါဝင်ပစ္စည်းတွေပြင်ဆင်ဖို့ မီးဖိုချောင်ကို ချက်ချင်းပြေးသွားပြီး သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ကိရိယာများကို ယူဆောင်ခဲ့ပါတယ်။သူမအတွက် ညစာပြင်ဆင်နေစဉ်မှာပဲ သူမသည် ချက်ပြုတ်ခြင်းကိုထုတ်လွှင့်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Oct 15, 2022 ⏰

Add this story to your Library to get notified about new parts!

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now