Chapter 5.2 (U/Z)

379 84 3
                                    

Unicode

အခန်း ၅.၂ - Angelo Phantom

သူမနိုးလာတော့ညနေ ၆ နာရီထိုးနေပြီဖြစ်သည်။မီလီသည်လက်ဆေးလိုက်ပြီးညစာစားဖို့အတွက်ပြင်ဆင်ကာအိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကိုပြန်မှတ်မိအောင်လုပ်နေတော့သည်။

ရှီးပိုင်ချန်းရဲ့ရေမွှေးနဲ့ပတ်သတ်ပြီးဝတ္ထုတစ်ပုဒ်ရေးမည်ဆိုသည့်အကြောင်းရယ်၊သူ့ဖုန်းနံပါတ်ရယ်ကလွဲပြီးအသေးစိတ်အချက်အလက်များကိုအတိအကျမမှတ်မိပေ။

ဖက်ရှင်သမားတစ်ယောက်အနေနဲ့ရေမွှေးဟာမီလီ့အတွက်အထူးစိတ်ဝင်စားရတဲ့ဇိမ်ခံပစ္စည်းတစ်ခုလည်းဖြစ်တယ်။သူမ၏စုဆောင်းမှုတွင် ယွမ် ၃၀၀၀ကျော်တန်ဖိုးရှိတဲ့တန်ဖိုးကြီးရေမွှေးပုလင်းနှစ်ပုလင်းပါရှိသည်။Lancome Yidong တစ်ပုလင်း နှင့် Chanel Yuya တို့ပဲဖြစ်သည်။ပထမပုလင်းရဲ့အနံ့ကလူကိုလန်းဆန်းစေပြီးနောက်တစ်မျိုးကတော့ luxury ဆန်ဆန်အချိန်အကြာကြီးစွဲကျန်စေတဲ့ရနံ့မျိုးဖြစ်သည်။မတူညီတဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေက မတူညီတဲ့ရေမွှေးမျိုးစုံနှင့်လိုက်ဖက်သည်။

မီလီသည်အများအားဖြင့် ရေမွှေးမသုံးသော်လည်းပါတီပွဲတက်သည့်အခါမျိုးကြရေမွှေးသည်စိတ်နေသဘောထားကို မြှင့်တင်ပေးသလိုဆွဲဆောင်မှုအားလည်းကောင်းပြီးစိတ်တူကိုယ်တူလူများကိုလည်းဆွဲဆောင်ပေးနိုင်သည်။ငွေကြေးအကန့်အသတ်ကြောင့်မီလီသည်ပိုစျေးကြီးသောရေမွှေးများကိုမဝယ်နိုင်ပါ။သူမ၏ စုဆောင်းမှုတွင်ရှိသောပုလင်းနှစ်ပုလင်းကိုသေချာဂရုတစိုက်ရွေးချယ်ထားရတာဖြစ်သည်။

စားပွဲပေါ်တွင်အရသာရှိသော ဟင်းလျာအချို့ကို ခင်းကျင်းထားပြီးနောက် လူအိုကြီးပိုင်အတွက်အရသာကောင်းမွန်တဲ့ဟာ တစ်ခုခုကိုချက်ပြုတ်ပေးမည်ဟု ကတိပြုထားသည်ကိုမီလီ သတိရမိသည်။

သူမသည် သူမ၏လက်ကိုင်ဖုန်းကိုထုတ်ကာ နံပါတ်များကို ချီတုံချတုံဖြင့်ရိုက်လိုက်ရာ သာယာနာပျော်ဖွယ်မြည်သံကို ကြားလိုက်ရသည်။စက္ကန့်များစွာကြာပြီးနောက်ဖုန်းသည်အမှန်တကယ်ချိတ်ဆက်သွားခဲ့သည်။

[ဟဲလို၊ ဘယ်သူလဲ။] ဆိုပြီးဖုန်းထဲမှခပ်ဩဩယောက်ျားအသံ ထွက်ပေါ်လာသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now