Chapter 2.3 (U/Z)

416 88 4
                                    

အခန်း ၂.၃ - ငါကနတ်ဆိုးတစ်ကောင်ပဲ။

Unicode

ဇာတ်လမ်းဇာတ်ကွက်က ရိုးရှင်းပေမယ့် ရှီပိုင်ချန်းရဲ့ အရေးအသားစွမ်းရည်က အလွန်လေးနက်ပြီး ဇာတ်အိမ်ကို ကောင်းစွာတည်ဆောက်ထားနိုင်တယ်။တစ်ချိန်တည်းမှာပင် လူများကို ရယ်မောစေသည့်အပြင်  လူ့သဘောသဘာဝ၏ ရှုပ်ထွေးမှုနှင့် အပြောင်းအလဲများကိုပါ တစ်ခါတည်းထုတ်ဖော်ထားသည်။

စကားလုံးပေါင်း သောင်းချီပါဝင်သော ဇာတ်လမ်းတစ်ပုဒ်သည် တစ်နာရီကျော်အတွင်း ပြီးဆုံးခဲ့သည်။ဒီလိုမျိုး ကောက်ကျစ်တဲ့ လက်အမြန်နှုန်းမျိုးဟာဆိုရင် အနှစ် 20 ကျော် လူပျိုကြီးတစ်ယောက်အဖြစ်ရပ်တည်ခဲ့တဲ့သူ‌တွေပဲလုပ်နိုင်မှာ။

[အဲ့ဒါက ငါ့ကို သေအောင်ကြောက်လန့်‌စေတယ်။]

မီလီ တုန်တုန်ယင်ယင်ဖြင့် [ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ တကယ်ရှိတာလား။]

ရှီပိုင်ချန်း : “…”

[ဒီဝတ္ထုရဲ့နာမည်ကဘာလဲ။  ထုတ်ဝေပြီးပြီလား။]

“အမည်မပေးရသေးဘူး။ပြီးတော့မထုတ်ဝေရသေးဘူး။” ဟု  ရှီပိုင်ချန်းကပြန်ဖြေရင်း နောက်ထပ်စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်သည်။

[လူအိုကြီးပိုင် ဆေးလိပ်လျှော့သောက်။]

သူ့မျက်ကွင်း‌တွေညိုနေတာကို မြင်တော့ မီလီက သူ့ကို သတိပေးလိုက်သည်။

[စာရေးပြီးရင် အိပ်ပျော်သွားအောင်အိပ်လိုက်ဦး။ညဉ့်နက်‌နေမှ ဆေးလိပ်သောက်ခြင်းဟာ ရှင့်ကျန်းမာရေးအတွက်မကောင်းဘူး။နောက်ပြီး ရှင့်အသက်က40အောက်လို့ မြင်နိုင်ပေမယ့် ရှင့်ရဲ့ကျန်းမာရေးကို ဂရုမစိုက်ရင် အချိန်မတိုင်ခင် အဘိုးကြီးဖြစ်သွားလိမ့်မယ်။]

ရှီပိုင်ချန်းသည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ “ငါ့ အသက်က 29။” လို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။

မီလီ : [လန့်သွားတဲ့ပုံလေးပြလိုက်သည်။]

သူမရဲ့အမူအရာကို ရှီပိုင်ချန်းမမြင်နိုင်သော်လည်း သူမ မယုံကြည်ဘူးဆိုတာကို သူ ရိပ်မိနေမှာပဲဖြစ်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now