Chapter 2.1 (U/Z)

414 80 0
                                    

အခန်း ၂.၁ - ငါကနတ်ဆိုးတစ်ကောင်ပဲ။

Unicode

မီလီ အိပ်ရာက နိုးလာတော့ ည ၉ နာရီ ထိုးနေပြီဖြစ်သည်။သူမသည် အိပ်ယာမှထကာ မျက်နှာကို ပွတ်သပ်ပြီး ရေချိုးခန်းထဲသို့ မှင်‌သေသေနဲ့ဝင်သွားသည်။

မီလီသည် သူမ၏ "အိပ်မက်" အတွေ့အကြုံကိုရေရောရာရာမမှတ်မိပေ။ဒါ‌ပေမယ့်သူမသည် လူခေါ်ခေါင်းလောင်းဖြစ်လာပြီး ယောက်ျားပီသလွန်းတဲ့သူနှင့် ခဏကြာ စကားပြောဆိုသည်ကို မှတ်မိနေသည်။

[ဒါဆို အခုကစပြီးရှင့်ကို “အဘိုးပိုင်” လို့‌ခေါ်ရင်ဘယ်လိုလဲအဆင်‌ပြေမလား။]

အဘိုးပိုင်??

မီလီသည် သူမ၏အမှတ်တရများကို အကြိမ်ကြိမ်ပြန်သတိရရန် ကြိုးစားသော်လည်း ထိုလူ၏အသွင်အပြင်ကို ယခုထိ မမှတ်မိနိုင်ပေ။

သူမက ဘယ်လိုဖြစ်ပြီးဒီလိုထူးဆန်းတဲ့ အိပ်မက်တွေကိုမက်နေရတာလဲ။သူမ တကယ်အိပ်မက်မက်နေတာလား။တစ်ရက်ထဲ နှစ်ခါဆက်တိုက် အိပ်ပျော်နေချိန်မှာ သူမသည်ဘယ်လိုဖြစ်လို့ သူတပါးပိုင်ဆိုင်တဲ့အရာဖြစ်သွားရတာလဲ။

မီလီသည် ရေချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာတော့ လန်းဆန်းမှုကိုခံစားလိုက်ရသည်။သူမသည် ခါးစည်းကို ၀တ်ဆင်ပြီး ကင်မရာကိုတပ်ဆင်ကာ ချက်ပြုတ်‌ရေးတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်နေတော့သည်။

“ဒီနေ့တွက် ညလယ်စာသရေစာကတော့ ဘေကွန်နဲ့ ကြက်ဥမုန့်ပါ။လုပ်ဆောင်ရတဲ့အဆင့်တွေက ရိုးရှင်းပြီး အရသာကလည်း အရမ်း‌ကောင်းတယ်။”

မီလီသည် ဂျုံမှုန့်၊ ထောပတ်၊ ကြက်ဥ၊ ဘေကွန်၊ ငရုတ်သီးနှင့် ဆားတို့ကို စားပွဲပေါ်တွင် တစ်ခုပြီးတစ်ခု ချထားလိုက်သည်။

သူမသည် ဂျုံမှုန့်၊နို့နှင့် ကြက်ဥတို့ကို ရောစပ်ကာ ပလပ်စတစ်ဖြင့် ထုပ်ပြီး ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ခန့် ထားလိုက်သည်။ပြီးတဲ့နောက် အရသာရောစပ်နယ်ထားတဲ့ဂျုံ၊ ကြက်သွန်နီနှင့်ဘေကွန်ကို ဆီဖြင့်ချက်လိုက်သည်။

ဒယ်အိုးပေါ်တွင် ဆီတစ်လွှာဖြန့်ပြီးနောက် မုန့်နှစ်တစ်ဇွန်းခန့်ကို ကျက်မြန်အောင် ဖြန့်ပေးပါ။မီလီသည် မုန့်သားကို ရွှေရောင်သန်းလာသည်အထိ ကြော်ပြီးအလယ်တွင် ကြက်ဥတစ်လုံးကို ဖောက်ကာ အသီးအနှံများနှင့် ဒိန်ခဲများကို ဖြန့်ထည့်လိုက်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now