Chapter 1.3 (U/Z)

436 92 4
                                    

Unicode

အခန်း ၁.၃ - မင်းရဲ့တံခါးခေါင်းလောင်းသံက အသက်ဝင်လာတယ်။

သူမ ဘယ်လိုအခြေအနေရောက်နေလဲဆိုတာ သူမ မသိတော့ပါ။ ဒါဟာ အိပ်မက်တစ်ခုလို့ သူမထင်နေပေမဲ့ အရာအားလုံးက တကယ်ဖြစ်နေသလိုမျိုးသူမခံစားနေရသည်။သူမ၏ ခန္ဓာကိုယ်သည် အိမ်တွင်ရှိနေဆဲဖြစ်သော်လည်း သူမ၏ဝိညာဉ်သည် အခြားတစ်နေရာတွင် ပေါ်နေသည်။

ဒီလို ထူးဆန်းထွေလာ ကိစ္စမျိုး ကလက်တွေ့ဘဝမှာတကယ်ဖြစ်နိုင်ပါသလား။

"ဒီနားမှာ တစ်ယောက်ယောက်ရှိ နေလား။" ဟုဆိုကာ ထိုလူက မီလီ၏ အတွေးများကို စမ်းတဝါးဝါး မေးခွန်းဖြင့် နှောင့်ယှက်လိုက်သည်။

[ဘယ်သူမှ မရှိဘူး၊ဒါက သရဲတစ်ကောင်ပဲ။] ဟု မီလီက ပေါ့ရွှတ်ရွှတ်နဲ့ ပြန်ဖြေလိုက်တယ်။

လူငယ် : "..."

မီလီက သူ့မျက်နှာကို ခဏလောက် စိုက်ကြည့်ပေမယ့် ထူးထူးခြားခြား ဘာမှ ရှာမတွေ့ပေ။
သို့သော် သူ၏ခန္ဓာကိုယ်သည် ယခင်ကထက် အနည်းငယ် တောင့်တင်းနေပုံရပြီး ညာခြေ‌ထောက်၏ ခြေချောင်းသည် အတွင်းဘက်သို့ စင်တီမီတာ အနည်းငယ် ရွေ့သွားခဲ့သည်။

သူ ငါ့အသံကိုကြားနိုင်တာပဲ။

[မင်္ဂလာပါ။ကျွန်မနာမည်က မီမီ၊ရှင့်နာမည်ကဘယ်လိုခေါ်လဲ။]

ထိုလူက ဘာအကြောင်းမှပြန်မ‌ပြောချေ။

မီလီက ထပ်ပြီးတော့ : [မကြောက်ပါနဲ့။ကျွန်မက သရဲမဟုတ်ပါဘူး။ရှင့်အိမ်ရဲ့ တံခါးခေါင်းလောင်းလေးပါ။]

ထိုလူ၏ မျက်လုံးများသည် တံခါးခေါင်းလောင်းပေါ် သို့ကျရောက်သွားသည်။

တင်း တောင်။

မီလီက အသံပေးလိုက်သည် ။

ထိုယောက်ျား : "..."

မီလီ : [ရှင့်ရဲ့ တံခါးခေါင်းလောင်းက အသက်ဝင်လာတာဆိုတော့ အံ့သြသွားလား။ဒါမှမဟုတ်တုန်လှုပ်သွားတာလား။]

ထိုယောက်ျား : "..."

သူ၏တည်ငြိမ်သောအမူအရာတွင် မယုံကြည်နိုင်သောအရိပ်တစ်ခုပေါ်လာသည်။အသက်ဝင်‌နေသော တံခါးခေါင်း‌လောင်းကို ရင်ဆိုင်နေရသော ထိုလူသည် မည်သို့တုံ့ပြန်ရမည်ကို မသိနေပုံရသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now