Chapter 6.4(U/Z)

398 87 4
                                    

Unicode

အခန်း ၆.၄ - Tuhao Chicken

ကားအသစ်တစ်စီးဝယ်ပြီးနောက် ရှီးပိုင်ချန်းသည်အိမ်သို့ အလျင်စလိုမပြန်ဘဲမြို့အနှံ့ကားပတ်မောင်းခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တဲ့အချိန်ဆိုသူသည်ဆေးလိပ်သောက်ရန်ပြတင်းပေါက်ကိုဖွင့်ပြီးပြင်ပရှုခင်းကိုကြည့်သည်။ စကားစမြည်ပြောရန်အတွက်သူ့‌ဘေးနားတွင်တစ္ဆေလေးတစ်ကောင်လည်းရှိသေးသည်။

သူ့ပုံစံသည်အပြင်ပန်းကြည့်ရင်တစ်ဖက်သားကိုနူးညံ့ညင်သာတတ်သည့်ပုံပေါက်သော်လည်းအမှန်တကယ်တွင်သူသည်ဘဝနှင့်ပတ်သက်လာလျှင်ပတ်ဝန်းကျင်အပေါ်ဂရုမစိုက်တတ်တဲ့သဘောထားရှိသည်။သူကတခြားသူတွေကိုဂရုမစိုက်သလိုတခြားသူတွေကလည်းသူ့ကိုဂရုစိုက်ရန်မလိုအပ်ဘူးလို့ထင်တယ်။သူသည်ဖျားနာပြီး သေဆုံးခါနီးတွင်ပင်လျှင်မလှုပ်မယှက်ဘဲနေမည့်သဘောတွင်ရှိသည်။

[လူအိုကြီးပိုင်၊ကျွန်မတို့ညစာတူတူသွားစားကြမလား။] မီလီကနွေးထွေးစွာနဲ့ဖိတ်လိုက်သည်။

“မသွားဘူး။”

ရှီးပိုင်ချန်းသည်စီးကရက်ကို ပါးစပ်ထဲထည့်ကာယာဉ်ကြောပိတ်ဆို့မှုကိုဖြတ်ကျော်ရန်ကားကိုဖြည်းညှင်းစွာရွေ့လျားသွားနေသည်။

[အမြဲလိုလိုအပြင်စာကြီးပဲဝယ်စားနေတာမကောင်းဘူး။]

"ကောင်းပါတယ်၊ဘာလို့မကောင်းရမှာလဲ၊အဖွားကြီးလိုပွစိပွစိပြောနေတာရပ်လိုက်တော့။"

[ရှင် ဘဝကိုဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်ဆိုတာမသိဘူးပဲ။]

မီလီကထပ်ပြီးတော့[ရှင်တကယ့်ကိုအရသာရှိတဲ့အစားအသောက်အစစ်မှန်ဆိုတာဘာလဲဆိုတာမသိတာသေချာတယ်။]

"အဲ့တော့ဘာဖြစ်သလဲ။အစာစားတာကဗိုက်ပြည့်ဖို့အတွက်ပဲ၊ အစာငတ်ပြီးမသေသရွေ့တော့ အကုန်အဆင်ပြေတယ်။”

မီလီက သူ့အမြင်ကိုလုံးဝသဘောမတူနိုင်ဘူး။

[လူအိုကြီးပိုင်၊ဒီနေ့တော့ငါ့စကားကိုနားထောင်ပြီးစား‌သောက်ဆိုင်ကြီးမှာသွားစားရအောင်လေ။ဘာပဲဖြစ်ဖြစ်ရှင်ကပိုက်ဆံမရှိတဲ့သူမှမဟုတ်တာ။အဆင့်မြင့် စားသောက်ဆိုင်ကိုရှာပြီးသူတို့ဆီကအရသာရှိတဲ့ဟင်းလျာအချို့ကိုမှာယူပြီးတော့ ကောင်းကောင်းစားလိုက်နော်။]

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)On viuen les histories. Descobreix ara