သခင်လေးသည်သွေးအေးသည် - ၃၆

2K 281 7
                                    


အားကျောင်းပြောတာကြားလိုက်ရမှ systemပျော်သွားမိတော့သည်။

"hostနိုးလာပြိပဲ။ ကျွန်တော့်မှာစိတ်ပူရတာသေမတတ်ပဲ"
အာတာပူစီလုံးက အလန့်တကြားပြောလာ၏။

အားကျောင်းစိတ်ထဲ လှုပ်ရှားသွားသော်လည်း သူမခန္ဓာကိုယ်ကို ထိထားတယ်လို့ မခံစားရ။

"မစ်ရှင်တောင်မပြီးသေးဘူး hostရယ်။ ဘယ်လိုများ သေသွားနိုင်ရရတာလဲ?"

အားကျောင်း: "....."

ရုတ်တရက်ကြီးသူမခေါင်းတစ်ခုလုံပေါက်ကွွဲမတတ်နာကျင်လာ၏။

"ဘာတွေဖြစ်ကုန်တာလဲ ငါ့ကိုပြောစမ်းပါ"

အားကျောင်း သတိလစ်နေစဉ္အတွင်းဖြစ်သမျှကို စစ်စတမ်ပြောပြပါတော့သည်။

အားကျောင်းခမျာ မယုံ့တယုံ။
"နင်ပြောချင်တာက ငါက မိုးပေါ်ကပြုတ်ကျလာတဲ့ ဟပ်စကီးခွေးကြောင့် ငါက အေးချမ်းမေဖြစ်သွားတယ်ပေါ့"

system: "ဒါပေါ့! နှစ်ဆယ့်ခြောက်ထပ်ကနေ ကျလာတဲ့ ခွေးက hostခေါင်းပေါ်ကိုမှတည့်တည့်ကျတာနော်။ အချဉ္တော့မဟုတ်"

အား​ကျောင်း: "....."

အချိန်အတော်ကြာနေပြီဟုတွေးလိုက်မိသည်မို့ သူမ မေးလိုက်မိသည်။
"အဲ့ ဟပ်စကီးခွေးပိုင်ရှင်က လျော်ကြေးပေးလား?"

systemက ပြန်ဖြေ၏။
"ပိုက်ဆံတင်ဘယ်ကပါ့မလဲ? ဇာတ်လိုက်ကောင်က အဲ့မိသားစုကို တရားရုံးအထိခေါ်သွားပြီး လျှော်ကြေးကိုမတန်တဆတောင်းတာဗျာ။ ဟိုမိသားစုခမျာ မပေးနိုင်တော့ ဒင်းက သူတို့ကို ဘုရားကျောင်းထဲအထိရောက်အောင် မွဲအောင်လုပ်ပြီး hostအတွက် ဆုတောင်းခိုင်းလေရဲ့"

အားကျောင်း: "ရှောင်းယန်...သူ...သူ အဆင်ပြေရဲ့လား?"

Systemပြန်မဖြေရသေးခင်လေးမှာတင် တံခါးပွင့်သွားလေသည်။

ခံစားချက်မဲ့သောမျက်နှာထားနှင့်ရှောင်းယန်က အာဟာရဆန်ပြုတ်တစ်ခွက်ကိုကိုင်ကာ ဝင်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်လုံးလံူး အား​ကျောင်းကို သူကိုယ်တိုင်သာ ပြုစုခဲ့သည်။ ဘယ်သူ့ကိုမှ လွှဲမပေးခဲ့။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now