သခင်လေးသည် သွေးအေးသည် - ၂၀

5.1K 807 29
                                    

ရှောင်းယန် ရှက်နေသဖြင့် ပြောမိပြောရာပြောနေကြောင်း အားကျောင်းသိလိုက်သည်

ဒီကလေးက သူမအပေါ်ခင်တွယ်နေပြီဖြစ်သော်ငြား ထိုအချက်ကို ရှောင်းယန်က သူ့ကိုယ်သူလက်မခံချင်။

အားကျောင်းလည်း ယဥ္ကျေးမနေတော့ပဲ ရှောင်းယန်ကျောပေါ်သို့တက်လိုက်သည်။

"ဟိတ် အာတာပူစီ...ဇာတ်လိုက်က ငါ့ကိုကျောပေါ်တောင်တင်ခေါ်နေပြီ။ သူအချစ်ခံနေရတာကို ခံစားမိနေပြီထင်တယ်"
အားကျောင်းက systemကို မေးလိုက်သည်။

ထိုအခါ အာတာပူစီက တွေးတွေးဆဆနှင့် တည်ငြိမ်စွာပြန်ပြော၏။
"Hostတော်တယ်။ ဆက်ကြိုးစား"

"ဟုတ်ပြီ....ပိုကြိုးစားရမယ်"

Systemနှင့် Hostကလေပေးဖြောင့်နေကြသည်။ ထိုအချိန်တွင် ရှောင်းယန်မှာလည်း ထူးဆန်းသောခံစားချက်များ ခံစားနေရသည်။

အကြောင်းမှာ သူ့ကျောပေါ်တွင်ရောက်နေသော အမျိုးသမီးကြောင့်ပင်။

ရှောင်းယန်ကို အိမ်တော်ခွဲဆီသို့ တစ်ယောက်တည်းပို့လိုက်ကြသည်မှာ သူ့အသက်၁၀နှစ်ကတည်းက။ ထို့ကြောင့် ရှောင်းယန်မှာ ယောကျာ်းနှင့် မိန်းမကြားက ခြားနားချက်ကိုသိသော်လည်း ဒီ​ေလာက်ထိတော့ နီးနီးကပ်ကပ်မနေဖူးပေ။

လွန်ခဲ့သည့်ခြောက်လလောက်ကစပြီး သူနှင့်အားကျောင်းစတင်ရင်းနီီှး ပူးကပ်လာသည်ဆိုသော်ငြား လက်ကိုင်ရုံအဆင့်ထက်မပိုခဲ့ပေ။

သို့သော် အခုခံစားရသည့် ခံစားချက်ကကြီးကတော့ တကယ်စစ်မှန်လွန်းသည်။

နူးညံ့အိထွေးနေသော အထိအတွေ့က ရှောင်းယန်ကို တစ်မျိုးခံစားရစေ၏။ သူ့ကိုယ်ပေါ်တွင် ရောက်နေသည်က အရွယ်ရောက်နေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခု။

အထူးသဖြင့် သူမ၏ ရင်*****
(Grace's note : ဟဲ့ကောင်လေး🤣🤣🤣)

ရှောင်းယန် နားရွက်ဖျားတွေနီလာသည်။

လက်ရှိသည် အိပ်မက်မဟုတ်။ သူ့ကိုယ်သူတည်ငြိမ်အောင်အမြန်ထိန်းလိုက်ရသည်။ ဒီအခြေအနေကြီးကို သူမြန်မြန်အဆုံးသတ်လိုက်ချင်ပြီ။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now