သခင်​​လေးသည်​ ​သွေး​အေးသည်​ - ၈

6.5K 1K 28
                                    

သူ့အ​ရှေ့က အား​ကျောင်း​လျောက်​​နေတာကို​ရှောင်းယန်​အ​နောက်​မှကြည့်​​နေမိသည်​။ သူမက​တော့သူ့အနားကိုအရမ်းမကပ်​ပဲ တစ်​မီတာအကွာအ​ဝေးတွင်​သာ​နေ​လေသည်​။

ဒီ​နေ့အတွက်​​က​တော့ နှစ်​​ယောက်​လုံးလမ်းကို​အေး​အေး​ဆေး​ဆေးသာ​လျောက်​ခဲ့ကြ၏။

သူတို့ အိမ်​​တော်​သို့ပြန်​​ရောက်​သည့်​တိုင်​​အောင်​ ​ရှောင်းယန်​အ​ဖြေထုတ်​၍မရ​သေး။ ဒီမိန်းမက ဘာဖြစ်​ချင်​​နေတာလဲ?

အား​ကျောင်းက​တော့ ​ရှောင်းယန်​ကိုနှုတ်​ဆက်​ပြီးအခန်းထဲသို့ဝင်​လာခဲ့သည်​။

ထိုစဉ်​ ​ထောင့်​ချိုး၌ရှိ​နေ​သော အလုပ်​သမား၏အကြည့်​​ကြောင့်​ သူမလန့်​သွားမိသည်​။

အား​ကျောင်း : “......”

ထိုလူ၏မျက်​လုံးများသည်​အမြဲတမ်းထူးဆန်း​နေသည်​ဟု အား​ကျောင်း​တွေး​နေမိသည်​။

"ဘာ...ပြဿနာများရှိလို့လဲဟင်​?"
အား​ကျောင်း​မေးလိုက်​၏။

ထိုလူက​ခေါင်းကိုယမ်းပြ၏။ အား​ကျောင်း၏တုံ့ပြန်​မှုကိုအံ့သြဟန်​လည်းရှိသည်​။

အား​ကျောင်းက သူ့ကိုတစ်​ချက်​ပဲကြည့်​ကာ သူမအခန်းထဲသို့ဝင်​သွား​တော့သည်​။

ထိုညက...

ရှောင်းယန်​ ပြတင်း​ပေါက်​နားတွင်​ထိုင်​​နေသည်​။

အခန်းကိုလည်းသူအ​မှောင်​ချထား၏။အခန်းကြမ်းပြင်​ကိုထိ​နေ​သော လိုက်​ကာစ၏ ကြားမှတစ်​စွန်းတစ်​စထွက်​​နေ​သောလ​ရောင်​ကသာ အခန်းထဲသို့ကျ​နေ၏။သို့​သော်​လုံ​လောက်​​သော လင်းကျင်းမှုကို​တော့မ​ပေးစွမ်းနိုင်​​ပေ။သို့​သော်​ ​ရှောင်းယန်​​ပေါ်သို့လ​ရောင်​ကဖြာကျ​နေသဖြင့်​ သူ့အရိပ်​က အခန်းထဲတွင်​​ပေါ်​နေကာ မှုန်​မှိုင်း​ကြောက်​ရွံ့ဖွယ်​​ကောင်း​နေ​တော့သည်။

ရှောင်းယန်​က​တော့ဘာကိုမျှဂရုမစိုက်​​ပေ။

သူ အမြဲတမ်း အ​မှောင်​နှင့်​တိတ်​ဆိတ်​ခြင်းကို​နေသားကျ​နေခဲ့ပြီးပြီ။
ထိုအချင်းအရာက သူ့အ​တွေးများကိုငြိမ်​သက်​ကာရှင်းလင်း​စေသည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now