သခင်လေးသည် သွေးအေးသည် - ၄၁

2K 290 12
                                    

သူမပြောတာကို ရှောင်းယန်ကြားတော့ သူက ခပ်တိုးတိုးရယ်သည်။
"ဟုတ်ပါပြိီ။ ကျွန်တော်လည်းတီချယ့်ကိုပြောစရာရှိတယ်"

အားကျောင်းလည်း အကြီးပုံစံ​ဖမ်းလိုက်သည်။
"ကဲ မင်းအရင်ပြော"

ရှောင်းယန်က သူမလက်ကိညင်သာစွာ ဆွဲယူ၏။

အရင်က ပျော့ပျောင်းနူးညံ့ခဲ့သော လက်ကလေးများသည် လောလောဆယ်တော့ ပိန်လှီနေသည်။
"တီချယ် ဟန်းနီးမွန်းကို ဘယ်ကိုသွားချင်လဲ?"

အားကျောင်း: "????"

ခဏနေပါဉီး ခေါင်းစဉ္က ဘယ်လိုလုပ်အဲ့ကိုရောက်သွားတာလဲ?

နှစ်ယောက်က ဟန်းနီးမွန်းထွက်ရလောက်တဲ့အဆင့်ကိုရောက်သွားပြီလား?

သေချာပေါက် နောက်ဆုံးအတူရှိခဲ့တဲ့အချိန်တုန်းက ဆက်ဆံရေးက ဆရာတပည့်ဆက်ဆံရေးပါ။

သု့ိသော်နှစ်ယောက်က လွန်ခဲ့သည့်ငါးနှစ်ကတည်းက စိတ်ခံစားချက်တွေရှိနေခဲ့တာဖြစ်သည်။

ရှောင်းယန်က နူးညံ့စွာပြောလိုက်သည်။
"တီချယ်သဘောကျတဲ့နေရာရှိလား? ဆွစ်ဇာလန်ဆိုရင်ရော ဘယ်လိုလဲ? နယူးဇီလန်ရော? တီချယ်က အဲ့နှစ်နိုင်ငံကိုသဘောကျတယ်ပြောဖူးတာ ကျွန်တော်မှတ်မိတယ်။"

အားကျောင်းတစ်ယောက် သူ့ကိုပြန်ဖြေရန် အခက်ကြုံနေရသည်။
"ခဏ ခဏ"

ရှောင်းယန်က စကားပြောနေတာကိုရပ်ပြီး သူမကိုကြည့်သည်။

"ငါတို့အရင်ဆုံး ငါတို့ရဲ့ဆက်ဆံရေးအကြောင်းကိုအရင်ပြောသင့်တယ်ထင်တယ်"

ရှောင်းယန်က သူမကို တင်းကြပ်စွာဖက်လိုက်၏။
"တီချယ် ဘာအကြောင်းပြောချင်လဲ?"

ရတ်တရက်ကြီးအား​ကျောင်းစိတ်တွေလှုပ်ရှားလာရသည်။ သေချာပေါက် ရှောင်းယန်ပုံစံက ညင်သာနေသော်လည်း သူမ စကားမှားလိုက်တာနှင့်ဖြစ်လာမည့်အကျိုးဆက်က ဆိုးလိမ့်မည်ဟု ခံစားနေရသည်။

သူမ ပါးနပ်ဖို့ရာ ကြိုးစားလိုက်သည်။
"တီချယ်မင်းကို အမြဲ ကလေးလို တပည့်လိုပဲ ဆက်ဆံခဲ့တာကိုမင်းသတိရသင့်တယ်နော်"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now