သခင်လေးသည် သွေးအေးသည် - ၂၇

4.4K 690 29
                                    

ရှောင်းမို မခံရပ်နိုင်စွာ အော်လိုက်သည်။

အိမ်ထိန်း : “......”

သူကလည်း ရှောင်းမိုကိုကြောင်ကြည့်နေ၏။
အဲ့ဒီသခင်လေး ရူးသွားတာလားဟုတောင် တွေးနေမိသည်။

ထုတ်တော့ပြောလိုက်၍ မရ။ ဘာပဲဖြစ်ဖြစ် သူက ကျောင်းလီရဲ့နောက်လို်က်ပဲ မလား။

"သခင်လေး ရှောင်းမို...အဆင်ပြေရဲ့လား?"
သူ တစ်ခါပဲ မေးလိုက်သည်။

ရှောင်းမိုက နံရံကိုမှီထားရင်း သူ့ခြေထောက်ကိုကိုင်ထားသည်။ သူ့ရှေ့ကတံခါးပွင့်လာမည်ကို စိတ်ဆိုးမာန်ဆိုး စောင့်စားနေဟန်
"ငါကအဆင်ပြေတယ်။ အဲ့တံခါးကိုသာ ငါါအစား ရိုက်ချိုးပစ်လိုက်"

အိမ်ထိန်း : “......”

သခင်လေးရှောင်းမိုနှင့်ပတ်သတ်သော ကောလဟာဟများစွာ သူကြားခဲ့ဖူးသည်။  ပြောကြတာကတော့ IQအရမ်းမြင့်သလို သခင်မ ကလည်း သေချာသင်ကြားပေးထားသည်တဲ့။ ဆယ်နှစ်အရွယ်မှာပဲ အလယ်တန်းကိုခုန်ကူးနိုင်နေပြီ။ ထို့အပြင် တူရိယာသုံးမျိုးလောက်ကို တီးခတ်နို်င်သလို ပန်းချီပညာတွင်လည်း အနည်းငယ်အတွေ့အကြုံရှိသည်။ စသဖြင့်....

ဒါပေမယ့် ဒီနေ့တွေ့လိုက်ရတာကျ.....

အိမ်ထိန်းက ဘာမှမပြောပဲနေဖို့ဆုံးဖြတ်လိုက်သည်။

"ချောက်..."
တံခါးပွင့်လာ၏။

ရှောင်းယန်က တံခါးရှေ့တွင်ပေါ်လာကာ အားကျောင်းက ဘေးတွင်ရပ်လျက်။

"အဖေက ခေါ်လိုက်လို့လား"
ရှောင်းယန်ကမေးလိုက်သည်။

အိမ်ထိန်း သေချာမြင်လိုက်၏။ သခင်လေးရှောင်းမိုက သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားနေသည်ဆိုသော်ငြား အပြင်တွင်တော့ ဘာသံသယဖြစ်စရာပုံစံမှမတွေ့ရပေ။

အခုထိ အဖေဖြစ်သူ၏ စိတ်ပူမှုကိုမျှော်လင့်နေသည့် ဆယ်ကျော်သက်လေးတစ်ဦးဆိတုတာ သေချာသလောက်ပင်။

အဖြေကိုစောင့်နေသော်ငြား ရှောင်းမိုက သူတို့၂ယောက်ကို အရေးမစိုက်သည့်ဟန်ပြုပြီးမှ မထီမဲ့မြင်ပုံစံနှင့် အော်မေးလာသည်။
"ငါ့အကိုရှောင်းယန်ဆိုတာ မင်းလား"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now