သခင်လေးသည် သွေးအေးသည် - ၄၂

1.9K 278 7
                                    

အားကျောင်း: “……”

သူမခေါင်းတွေတောင်ကိုက်လာသလိုပင်။
"တို့ရဲ့ အတွေးကိုလည်းအလေးထားပေးပါဉီး"

ရှောင်းယန်က ခေါင်းငြိမ့်၏။
"ဒါပေါ့ ကျွန်တော်အလေးထားပါတယ်"

အားကျောင်းပျော်သွားမိသည္။ သို့သော် ရှောင်းယန်၏ နောက်စာကြောင်းမှာမူကား
"တီချယ့်ကိုအချိန်နည်းနည်းပေးမှာပါ စဉ္းစားပေါ့"

ရှောင်းယန်က သူမကိုကြည့်လိုက်ရင်း
"ဒါကေမယ့် ဒီတစ်ခါတော့ အချိန်အကန့်အသတ်မရှိဘူးနော်"

"မင်းဘာကိုဆိုလိုတာလဲ?"

ရှောင်းယန်က သူ့လက်ကိုဆန့်ထုတ်လိုက်ရင်း အားကျောင်း၏ မျက်ခုံးမွှေးလေးများကို စမ်းနေလေသည်။
"ဘာလို့ဆို ကျွန်တော်ဘယ်အထိသည်းခံထားနိုင်မလဲ မသိလို့"

ရှောင်းယန်ထွက်သွားတော့အားကျောင်းတစ်ယောက်တည်း အတွေးထဲမြောကာ ကျန်ခဲ့သည္။

"ဟဲ့ အာတာပူစီ ဇာတ်လိုက်ကောင်က ဘယ်လိုလုပ်ပြီးဒီလိုဖြစ်သွားတာလဲ?"

မျှော်လင့်ထားသလိုပင် systemက လည်း ဘာမှကိုမသိ။

အားကျောင်း: "ငါ....ဘာဆက်လုပ်ရတော့မလဲဟာ"

Systemက ရုတ်တရက်ကြီးထမေးသည်။
"host ဇာတ်လိုက်ရဲ့ ဖက်တာနမ်းတာတွေကိုများ ငြင်းလိုက်မိသေးလား?"

အားကျောင်းမျက်နှာကြီးရဲသွားသည်။
"နင်ဘာတွေပြောနေတာလဲ?"

systemက တအားကိုနားလည်ပါသည်ဆိုသော ပုံစံဖြင့်ခေါင်းငြိမ့်သည်။
"ဒါဆို hostမငြင်းခဲ့ဘူးပဲ။ လူသားတွေရဲ့ အပြုအမူအရဆိုရင် ဆန့်ကျင်ဖက်လိင်ရဲ့ အပြုအမူကို မငြင်းဆန်ဘူးဆိုတာဟာ သဘောကျလို့ လို့ ယူဆလို့ရတယ်"

အားကျောင်းရှုပ်ထွေးသွားသည်။
"အဲ့ဒါ တကယ်လား?"

systemကတော့အရမ်းကိုသေချာနေလေတော့သည္။
"ဒါပေါ့"
အားကျောင်း နက်နဲစွာတွေးနေမိတော့သည်။

ထိုနေ့လည်ခင်းတွင်..

အားကျောင်း၏ ခန္ဓာကိုယ်ကိုစမ်းသပ်ရန်  ဆရာဝန် အသင်းကြီးတစ်ခုလုံး ရှောင်းယန်ခေါ်ချလာလေသည်။ နောက်ဆုံးတော့ အားကျောင်းတွင် ဘာပြဿနာမှမရှိတော့ဘဲ သူမခန္ဓာကိုယ်က ဖြည်းဖြည်းချင်းတိုးတက်လာဖို့လိုသည်ဟု ပြောသွားကြသည်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now