သခင်​​လေးသည်​ ​သွေး​အေးသည်​ - ၅

6.9K 1K 12
                                    

အား​ကျောင်းက တံခါး​ရှေ့တွင်​ရပ်​ကာ ​အော်​​နေပြီး
ပုံစံကလက်​​လျော့မည့်​ဟန်မ​ရှိတာ​ကြောင့်​ သူ​ရွေးချယ်​စရာမရှိပဲ တံခါးဖွင့်​လိုက်​ရသည်​။

အား​ကျောင်းက သူ့ကိုကြည့်​လိုက်​၏။နှုတ်​ခမ်းများကတင်းတင်း​စေ့ကာ မျက်​နှာကသ​ဘောမကျသည့်​ဟန်​။

သေချာ​ပေါက်​ သူတို့စ​တွေ့စဉ်​ကလည်းဤကဲ့သို့ သူမကိုကြည့်​ခဲ့​သေးသည်​။

ရှောင်းယန်​က သူ့လက်​ထဲကထမင်းစားပွဲကို​ကြမ်းပြင်​​ပေါ်သို့ချလိုက်​၏။

အား​ကျောင်းကိုကြည့်​ရင်း သူ့နှုတ်​ခမ်းမှ စကားသံတစ်​လုံးချင်းထွက်​ကျလာသည်​။
"ကျွန်​​တော်​ သွားကိုညတိုင်းတိုက်​တယ်​"

အား​ကျောင်းခဏ​တော့​ကြောင်​သွားသည်​။ထို့​နောက်​ သူမက ​ခေါင်းကိုငြိမ့်​ကာချီးမွမ်းလိုက်​၏။
"​ရှောင်းယန်​က​တော်​လိုက်​တာ"

ရှောင်းယန်​: “ ……”

သူက​တော့ မျက်​နှာ​သေဖြင့်​ပြန်​​ပြောသည်​။
"ကျွန်​​တော်​အိပ်​​တော့မယ်​"

အား​ကျောင်းက တံခါးကိုအမြန်​ဆွဲထားရင်း​မေးသည်​။
"စားပြီးတာနဲ့ချက်​ချင်းတန်းအိပ်​​တော့မှာလား?"

ရှောင်းယန်​က တံခါးကိုဆွဲထားသည့်​သူမ၏လက်​များကို တိတ်​တဆိတ်​ကြည့်​လိုက်​သည်​။

ရှောင်းယန်​ကြည့်​​နေသည့်​​နေရာသို့ အား​ကျောင်းလိုက်​ကြည့်​လိုက်​မိပြီးမှ လက်​ကိုလွှတ်​လိုက်​သည်​။
"စားပြီးပြီးချင်းအိပ်​တာ ကျန်းမာ​ရေးအတွက်​မ​ကောင်းဘူး။မင်း အစာအိမ်​က​နေလို့​ကောင်းမှာမဟုတ်​​တော့ဘူး။တဖြည်းဖြည်းနဲ့ဝလာပြီး ဝက်​ဖြစ်​...."

သူမ​ခေါင်းထဲ​ပေါ်လာသမျှဥပမာအကုန်​​ပေးလိုက်​ပြီး​နောက်​ နိဂုံးချုပ်​လိုက်​သည်​။

"​ရှောင်းယန်​....ငါတို့လမ်း​သွား​လျောက်​ကြမလား"

ရှောင်းယန်​ကအစပိုင်းတွင်​ငြင်းရန်ဟန်​ပြင်​လိုက်​​သော်​လည်း ​စိတ်​ကို​ပြောင်းလိုက်​သည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now