သခင်​​လေးသည်​​ ​သွေး​အေးသည်​ - ၎

7.2K 1K 7
                                    

အား​ကျောင်း​ပြောသည်​ကို အန်​တီကျန်းတစ်​​ယောက်​နားမလည်​​ပေ။

ကြည့်​ရတာ ဒီစံအိမ်​ကြီးကိုလူလာခဲ၍လည်းဖြစ်​နိုင်​သည်​။သူမ အား​ကျောင်းကိုဆွဲ၍​ပြောလိုက်​သည်​။
" မိန်းက​လေး ရှု၊ အန်​တီ​ပြောပြမယ်​။ရှောင်းယန်​က​လေ သူစိမ်း​တွေကိုဆို အမြဲ​အေးတိ​အေးစက်​ဆက်​ဆံတာ။ဒီမှာ​နေတဲ့သူတိုင်းသိကြတယ်​။သူက​လေ..."

အား​ကျောင်းက ​​ခေါင်းကိုလက်​နှင့်​​ထောက်​ပြ၍​ပြောလိုက်​သည်​။
"ဒီမှာ ပြဿနာရှိတယ်​"

အား​ကျောင်းကိုကြည့်​၍ အန်​တီကျန်းတစ်​​ယောက်​စိတ်​​ကျေနပ်​သွားပုံ​ပေါ်ကာ ​ခေါင်းငြိမ့်​ပြသည်​။

အား​ကျောင်း ဒီကိစ္စ​တွေကိုကြားရတာ မကြိုက်​​သော်​လည်း သူမအ​နေဖြင့်​အန်​တီကျန်းလိုလူကြီးတစ်​​ယောက်​ကို ကလန်​ကဆန်​လုပ်​၍လည်းမဖြစ်​​ပေ။ သူမ၏ ညစာကိုသာပြီး​အောင်​မြန်​မြန်​ပြင်​ဆင်​ချင်​​နေ​တော့သည်​။

အား​ကျောင်းအ​ပေါ်တက်​သွား​တော့မှ အန်​တီကျန်းကအ​နောက်​သို့လှည့်​ကာ ကျန်​သည့်​အ​စေခံများနှင့်​ သူမထင်​သမျှကို​ပြောဆို​နေ​တော့သည်​။

ဒီတစ်​ခါ​တော့အတင်း​ပြောသည့်​အ​ကြောင်းအရာက အား​ကျောင်းဆီသို့ဦးတည်​သွားသည်​။အန်​တီကျန်းက မနှစ်​လို​သောအမူအရာဖြင့်
" ဘာလဲ သူက နာမည်​ကြီးတက္ကသိုလ်​က​ကျောင်းသူတဲ့လား? သူ အိမ်​ကို​ရောက်​လာတုန်းကဝတ်​လာတာကိုမြင်​လိုက်​ကြလား? မိတ်​ကပ်​ကထူပိန်းလို့၊ဝတ်​ထားတာက တိုတို​လေး။ငါ့သမီးသာဆို အ​သေသတ်​ပြီးပြီ....

အား​ကျောင်းက​တော့ သူမဘယ်​လိုလုပ်​ပြီးအတင်း​ပြောစရာဖြစ်​သွားလဲဆိုတာနားမလည်​​တော့​ပေ။သို့​သော်​ စိတ်​​ကောင်းဝင်​​နေသည်​မို့ စားစရာဗန်းကိုကိုင်​ကာအ​ပေါ်သို့ဆက်​တက်​သွား​လေသည်​။

အ​ပေါ်​ရောက်​​တော့ ​ရှောင်းယန်​က သူမ​ပြောသည့်​အတိုင်းနာခံကာတံခါး​လေးဖွင့်​၍​စောင့်​​နေ​လေသည်​။

ရှောင်းယန်​၏တည်​ငြိမ်​​နေ​သောအမူအရာ​ကြောင့်​ အား​ကျောင်းစူးစမ်းသလို​မေးကြည့်​လိုက်​သည်​။
"​ရှောင်းယန်​က တီချယ့်​ကို ညစာစားဖို့ အခန်းထဲ​ခေါ်မလား"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now