သခင်​​လေးသည်​ ​သွေး​အေးသည်​ - ၃

8.2K 1K 13
                                    

အား​ကျောင်း၏​မေးခွန်းကို systemကြား​တော့ သူ့ခန္ဓာကိုယ်​​လေးက အဖြူ​ရောင်​အလင်း​တွေထွက်​လာ​လေသည်​။ထို့​နောက်​ ပါးစပ်​​လေးကို ဟ၍
"ငါ....ငါ လည်းအခုထိမသိ​သေးဘူး​လေဟယ်​...."

အား​ကျောင်း : “......”

သူမလည်း​ကြောင်​တိ​ကြောင်​​တောင်​ဖြင့်​ပြန်​​မေး၏။
"ဒါ​ပေမယ့်​ နင်​က ငါ့ရဲ့guideမဟုတ်​ဘူးလား"

System က သူမထက်​ပို၍ ​ကြောင်​တိ​ကြောင်​​တောင်​ဖြင့်​ပြန်​​ဖြေ​လေသည်​။
"ဟုတ်​တယ်​​လေ...ဒါ​ပေမယ့်​ ဒီတစ်​ခုက ငါ့ရဲ့ပထမဆုံးmissionမို့"

အား​ကျောင်း : “......”

သူမ​ရှေ့တွင်​​တောက်​ပ​နေ​သော အလင်းဖြူဖြူလုံးလုံး​လေးကို ကြည့်​၍ သက်​ပြင်းချလိုက်​သည်​။သို့​သော်​ ​မျှော်​လင့်​ချက်​​လေးဖြင့်​ထပ်​​မေးလိုက်​၏။
"ဒါဆို နင်​သိတာဘာရှိလဲ?

Systemက အနည်းငယ်​ရှက်​​နေသည့်​ဟန်​ဖြင့်​ တိုးတိုး​လေးပြန်​​ဖြေသည်​။
"ငါ သိတာက ကမ္ဘာတစ်​ခုစီက ဇာတ်​လိုက်​ကဘယ်​သူလဲဆိုတာရယ်​၊ ဇာတ်​လိုက်​နားကပ်လို့ရ​မယ့်​ခန္ဓာကိုယ်​တစ်​ခုစီကို Hostအတွက်​​ရွေး​ပေးတာရယ်​ ဒါပဲရှိတယ်​"

အား​ကျောင်း ချက်​ချင်းနားလည်​လိုက်​သည်​။ အချိန်​တိုင်း Systemစုတ်​ကို အားကိုး၍မရနိုင်​​ပေ။

သူမ နှစ်​စက္ကန့်​​လောက်​စိတ်​ဓာတ်​ကျသွားသည်​။ သို့​သော်​ သူမစိတ်​ထဲရှိ မိမိကိုယ်​ကိုယ်​နှစ်​သိမ့်​သည့်​ စနစ်​က ​အော်​တိုပွင့်​လာ​လေသည်​။ထို့​ကြောင့်​ ချက်​ချင်းတက်​တက်​ကြွကြွပြန်​ဖြစ်​သွားသည်​။

"ကိစ္စမရှိပါဘူး။အချိန်​ယူကြတာ​ပေါ့"
သူမက Systemကိုနှစ်​သိမ့်​လိုက်​သည်​။

မသိလည်း ပြဿနာမရှိပါဘူး။ကိုယ့်​ဟာကိုယ်​ပဲရှာရုံ​ပေါ့။အား​ကျောင်းကိုယ့်​ဖာသာကိုယ်​နှစ်​သိမ့်​လိုက်​သည်​။

ဇာတ်​လိုက်​၏မိ​ထွေးက သူမကိုပိုက်​ဆံ​တွေအများကြီး​ပေးကာ ဂိုက်​လုပ်​ရန်​​ခေါ်ထားခြင်းဖြစ်​သည်​။ထို့​ကြောင့်​ ဇာတ်​လိုက်​နှင့်​ဖြုန်ရန်​အချိန်​အများကြီးရှိ​နေသည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now