သခင်လေးသည် သွေးအေးသည် - ၃၇

1.9K 304 12
                                    

အားကျောင်းတစ်ယောက် သူမကို ရှောင်းယန်သယ်သွားသည်ကို ကြောင်ကြည့်နေမိသည်။

ပို၍ ကြောက်ဖို့ကောင်းသည်က ရေချိုးခန်းထဲသူမရောက်သွားတာတောင် ရှောင်းယန်က ထွက်သွားမည့်ပုံစံ မရှိခြင်းပင်။

"တီချယ့်ကို ကူပေးရဉီးမလား?"
သူက သူမကို အောက်သို့ချမပေးသေးဘဲ ပွေ့ထားလျက်ပင် နားနားကပ်ကာပြောလိုက်သည်။
သူ၏ ၀င်သက်ထွက်သက်က နားသို့လာရိုက်သဖြင့် အားကျောင်းတစ်မျက်နှာလုံး နီရဲသွားရသည်။

"မ...မလိုပါဘူး..."

လွန်ခဲ့သော ငါးနှစ်လုံးမမြင်ခဲ့ရသည်မု့ိ အခုရှောင်းယန်က သူမအပေါ်ခံစားချက်တွေ အရင်နှင့်မတူဘဲကွဲပြားနေသည်ဟု သူမခံစားနေရသည်။

ထို့အတူပင် လွန်ခဲ့သည့်ငါးနှစ်တုန်းကလို သူမကလည်းသူ့ကို ကလေးတစ်ယောက်လို ကြည့်နေဆဲ။

သို့သော် အခုရှောင်းယန်ကတော့ အရွယ်ရောက်သော ယောကျာ်းတစ်ယောက်ပင် ဖြစ်လို့နေပြီ။

ရှောင်းယန်က သူမကို ခက်ခဲအောင်မလုပ်။ သူမကို ချပေးထားခဲ့ပြီး ယောကျာ်းကောင်းဆန်စွာပင် အခန်းအပြင်သို့ထွက်သွားပေးခဲ့သည်။

အားကျောင်း ထိုကျမှ သက်ပြင်းချနိုင်ကာ ရေစင်ကို ကိုင်နိုင်တော့သည်။

သိူ့သော် ပြဿနာက သူမထင်နေသလောက် မရိုးရှင်း။

အိပ်ယာပေါ်မှာ နှစ်ရှည်လများလဲလျောင်းခဲ့ရသည်မို့ ခန္ဓာကိုယ်က ဘာ!အား!မှ!မ!ရှိ!

သူမ လက်တွေက ရေစင်ကိုအားပြုလိုက်ရတော့ ဘောင်းဘီချွတ်ဖို့လက် မအားတော့ပေ။

သို့သော် ရှူးပေါက်ချင်စိတ်က ထိန်းမနိုင်သိ်မ်းရ :3

သူမ ဘယ်လောက်ပင် ဆန္ဒစောနေပါစေ ဆန့်ကျင်ဖက်လိင်တစ်ယောက်ရှေ့တွင်တော့ ဘောင်းဘီချွတ်ပြ၍မဖြစ်ပါပေ။

သူမ ငိုချင်လာသည်။

စိတ်ထဲက စစ်စတမ်ဂေါက်ကြောင်ကလည်း သူမအခြေအနေကို မကူညီနိုင်။

သူမျှော်လင့်ထားသလိုပင် အထဲက ဘာသံမှ မကြားရပေ။

လွန်ခဲ့သည့်လေးနှစ်လုံး သူမခန္ဓာကိုယ်ကို သူပဲ သန့်စင်ပေးခဲ့ရတာ။ သူ့လောက် သူမခန္ဓာကိုယ်ကို သိသည့်သူရှိတော့မည်မထင်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now