သခင်လေးသည်သွေးအေးသည် - ၃၉

2K 292 7
                                    

အားကျောင်းနိုးလာသည့်အချိန်တွင် systemကလည်းသူမကို နားပူနားဆာမလုပ်တော့။

ရှောင်းယန်လည်းရှိမနေပေ။

သူမ မျက်လုံးပွင့်လာတာနှင့် ဖြစ်ခဲ့သည့်ကိစ္စတွေက ပြန်ပေါ်လာပြန်သည်။

ဘယ်လိုလုပ်ပြီး...ဒီလိုမျိုးပြောင်းလဲသွားနိုင်ရတာလဲ?

တစ်ခါမှ ခံစားချက်ကိုဖွင့်ဟ၀န်ခံ ခံရခြင်းမျိုးမရှိခဲ့ဖူးသည့် အားကျောင်းအတွက် ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်သွားစေသည်။

"အာတာပူစီ ဟဲ့ အာတာပူစီ... ပြောစမ်းပါ ငါ့ကိုရှောင်းယန်က ဘာလို့ကြိုက်လဲဆိုတာ"

systemက သူ့မီးလုံးကို စဉ္းစားဟန်ဖြင့်မှိတ်တုပ်မှိတ်တုပ်လုပ်ရင်း ပြန်ဖြေလေသည်။
"hostက လှပြီး သိမ်မွေ့တယ်လေ။ ကြိုက်တာဖြစ်သင့်ပါတယ်"

ထို့နောက် သူက ခပ်ရှက်ရှက်ဖြင့် ပြောလိုက်သေးသည်။
"အာတာပူစီလည်း hostကို တအားကြိုက်တယ်"

အားကျောင်း: “......”

ကိုယ့်ဟာကိုယ် ​ကြောင်လှပြီထင်နေတာ systemက ငါ့ထက်ကို ပိုကြောင်နေတာပဲကိုး။

"ဒါဆို ငါ့မစ်ရှင်ပြီးဖို့ကရော ဘယ်လိုဆက်ဖြစ်မှာလဲ?"

အဲ့ဒါကိုကြားတော့ အာတာပူစီ ချက်ချင်းကို အတည်ပေါက်ကြီးဖြစ်သံွားလေသည်။

ပုံမှန် အာတာပူစီ၏အသံက လေးလေးလံလံ။
"hostအတွက် သတင်းဆိုးပြောဖို့ရှိတယ်"

အားကျောင်းလှုပ်လှုပ်ရှားရှားဖြစိသွားသည်။
"ဘာလဲ?"

သူ ဒီမစ်ရှင် ကျရှုံးတော့မှာလား?

systemကပြော၏။
"host စိတ်ကိုပြင်ဆင်ထားနော်။ hostက အားနည်းနေတော့ ဒါကြားပြီးမေ့လဲသွားမှာစိုးလို့"

အားကျောင်း : "ပြောမှာသာ ပြောစမ်းပါ။ ငါက သန်မာပါတယ်"

"အစကတော့ host ရဲ့ မစ်ရှင်က အဆင်ပြေပြီးပြီးမြောက်ခါနီးနေပြီ"

အားကျောင်း ခေါင်းငြိမ့်လိုက်သည်။ အရင်က သူမ ကောင်းကောင်းလုပ်ခဲ့တာပဲ။

"ဒါပေမယ့်"
system၏ အသံက ပို၍ လေးလံသွားသည်။
"hostခေါင်းပေါ် ခွေးပြုတ်ကျပြီးကတည်းက ဇာတ်လိုက်က ပြောင်းလဲသွားတယ်"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now