သခင်လေးသည်သွေးအေးသည် - ၄၃

2.1K 295 0
                                    

အမျိုးသမီးက အားကျောင်းကိုကြည့်ကာ မျက်ရည်တွေသုတ်မပစ်ခင်မှာပင်သူမရှေ့သို့ဒူးထောက်ထိုင်ကာ ခွင့်လွှတ်မှုရရန်တောင်းဆိုသည်။ ဘုရားကျောင်းတွင် နေ့တိုင်းဒူးထောက်ရသည်မှာ အကျင့်ဖြစ်နေပြီ။

အားကျောင်းကတော့ကြောင်နေသည်။  ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့ အချိန်အတေ်ယူလိုက်ရသည်။

ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားတဲ့အားကျောင်း : "........."

ရှောင်းယန်က အဆိုပါလင်မယားကို မသိချင်ယောင်ဆောင်ပြီး ရှေ့သို့တိုးလာသည်။
"တီချယ်က သူတို့ကိုခွင့်လွှတ်မှာလား"

အားကျောင်းခဏတော့ငြိ်မ်သွား၏။

သူမစိတ်ထဲတွေးနေမိသည်ကတော့ အကယ်၍ ဟပ်စကီးက သူမအပေါ်မကျဘဲ တစ်ခြားလူအပေါ်ကျခဲ့ပါက တစ်သက်လုံးသတိရတော့မှာ မဟုတ်တာကိုပင်။

အဆိုပါလင်မယားက သေချာလုပ်တာမဟုတ်သာ်ငြား လူတစ်ယောက်သေသွားမှာကတော့ တန်ရဲ့လား?

ဒါက သူတို့အမှားဖြစ်သည်ဆိုတာကိုတော့ရှောင်လွှဲ၍မရပေ။

သိူ့ပေမယ့်လည်း တစ်သက်လုံး ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီးနေဖို့ကျလည်းမဖြစ်နိုင်ပေ။

သူမ systemနှင့်ဆွေးနွေးကြည့်သည်။
"သူတို့ကိုအပြစ်ပေးဖို့ ဘာကအကောင်းဆုံးဖြစ်မလဲ?"

systemက ခက်ခက်ခဲခဲ အဖြေရှာနေပုံရသည်။
"systemလည်း မသိဘူးလေ"

အဆိုပါလင်မယားလည်း သူတို့နှစ်ယောက်၏ အနာဂတ်က သူတို့ရှေ့ရှိမိန်းမ၏ လက်ထဲတွင်ရှိနေမှန်း သိနေလောက်သည်။

ထိုစဉ္ အကြံတစ်ခု မိန်းမလုပ်သူစိတ်ထဲလင်းလက်လာသည်။ သူမက အားကျောင်း၏ အရှေ့သို့ပြေးဝင်ကာ အားကျောင်ခြေထောက်ကို ဖက်ထားလိုက်သည်။

"မိန်းကလေးရယ် ကျွန်မတို့က မိန်းကလေးကို အများကြီးထိခိုက်စေခဲ့ပါတယ်။ ကျွန်မနဲ့ကျွန်မယောကျာ်းက ကျွန်မတို့ရဲ့ လစာတစ်၀က်ကို တောင်​ပေါ်က မိဘမဲ့ကျောင်းကိုလှူပြီး မိန်းကလေးအတွက် ဆုတောင်းပေးပါ့မယ်"

အားကျောင်းလည်းထိုအကြံမဆိုးဘူးဟုတွေးမိသည်။

သူမကလည်း ထိုကဲ့သို့သော ဆုတောင်းခြင်းများ ကောင်းချီးပေးခြင်းများကိုယုံကြည်သည်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now