သခင်လေးသည်သွေးအေးသည် - ၄၀

1.9K 280 1
                                    


ထိုအချိန်တွင် ရှောင်းယန်တစ်ယောက် စာဖတ်ခန်းထဲရှိ ကွန်ပျူတာရှေ့တွင်ခံစားချက်မပါစွာ ထိုင်နေသည်။

သူကြည့်နေသည်က ဗီဒီယိုအစည်းအဝေးတစ်ခု။

ကွန်ပျူတာထဲတွင် ခမ်းနားစွာပြင်ဆင်ထားသော ရုံးခန်းတစ်ခုထဲ၌ လူအများက အနောက်တိုင်း၀တ်စုံများဖြင့်ထိုင်နေကြသည်။

မားကတ်တင်းဌာနရ၏ ခေါင်းဆောင်ဖြစ်သူမှာကား အစီခံရမည်ကိုတုန်နေအောင်ကြောက်လန့်လျှက်ရှိ၏။

မျက်နှာချင်းဆိုင်တွင်ပေါ်နေသော screenမှ သူဌေး၏ အမူအရာကိုကြည့်ရင်း သူရင်တုန်လာမိသည်။

အသက်ငယ်ငယ်သူဌေးကိုကြည့်ရန် ဆိုမထားဘိ တခြားရှောင်းမျိုးနွယ်အဘိုးကြီးများလည်းမကြည့်ရဲ။

လွန်ခဲ့သည့် နှစ်နှစ်က လက်ရှိသူဌေး ရှောင်းယန်၏အဖေဖြစ်သူ ရှောင်းသခင်ကြီးတစ်ယောက် အမြင့်မှဆွဲအချခံခလိုက်ရသည်။ ထို့နောက် ခြောက်လအတွင်းမှာပင် ရှောင်းလုပ်ငန်းစု၏ နေရာများတွင် သူ၏ လူယုံများအစား ရှောင်းယန်၏ လူများဖြင့် အစားထိုးခံလိုက်ရ၏။ တစ်နှစ်အတွင်းမှာတင် ရှောင်းမျိုးနွယ်တစ်ခုလုံးအပေါ် ရှောင်းယန်၏ သြဇာသက်ရောက်သွားတော့သည်။

အစကတော့ ထို အသက်ငယ်ငယ်သူဌေးလေးအပေါ်ကို ကလန်ကဆန်ပြုချင်သူက များသော်လည်း အခုများတော့ အသံတစ်ချက်တောင်မထွက်ကြတော့ပေ။

ရှောင်းယန်ကတော့လက်ရှိတွင် စားပွဲခုံကို လက်ဖြင့်ခေါက်နေသည်။ တစ်ဖက်က မန်နေဂျာ၏ စကားကို နားထောင်နေရင်း တစ်ဖက်ကလည်း အားကျောင်းအကြောင်းကို သူတွေးနေမိသည်။

ဒီအချိန် တီချယ်နိုးနေလောက်ပြီလား? ဗိုက်ဆာနေမလား? အဆင်မှပြေပါ့မလား?"

သူ့ခမျာတွေးရင်း နေမထိထိုင်မသာ ဖြစ်လာရပြန်သည်။

ထို့ကြောင့် ရုတ်တရက်ဆိုသလို သူ မတ်တပ်ထရပ်လိုက်၏။

ရုံးထဲကသူများလည်း ရှော့ခ်ရကုန်ကြတော့သည်။ အထူးသဖြင့် မားကတ်တင်းမန်နေဂျာ။ ရှောင်းယန်၏ အဖေနီးပါး အသက်ကြီးရင့်နေပြီမို့ သူ့ခမျာတုန်နေအောင်ကြောက်နေရတော့သည်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now