သခင်​​လေးသည်​ ​သွေး​အေးသည်​ -၂

9.5K 1K 7
                                    

ရှောင်းယန်​က ထိုင်​ခုံ​ပေါ်တွင်​သာ ​ကွေး​ကွေး​လေး​နေ​နေသည်​။သူမအားလည်း တစ်​ခုခုလုပ်​​တော့မည့်​ဟန်​ဖြင့်​ကြည့်​​နေ​လေသည်​။

အား​ကျောင်းမှာ သူ့အနားသို့ကပ်​သွားချင်​ပါ​သော်​လည်း မလုပ်​နိုင်​​ပေ။ထို့​ကြောင့်​တံခါးကိုဖွင့်​ကာအပြင်​သို့ထွက်​လိုက်​သည်​။

သူမအား လိုက်​ပို့သည့်​အလုပ်​သမားကို​တွေ့သည်​မို့...
"​ရှောင်းယန်​ရဲ့ ကိုယ်​အပူချိန်​က ပုံမှန်​မဟုတ်​ဘူးဖြစ်​​နေတယ်​။သူဖျား​နေတာလားမသိဘူး။ဆရာဝန်​​ခေါ်လို့ရရင်​​ခေါ်​ပေးပါ။ပြီး​တော့ အဖျားကျ​ဆေး​ရောရှိလား"

သို့​သော်​ ထိုအလုပ်​သမားက မျက်​လုံးတစ်​ချက်​သာပင့်​ပြသည်​။
"သခင်​​လေးက ငယ်​ငယ်​ကတည်းကအဲ့လိုပဲ။သူမဖျားပါဘူး။ မိန်းက​လေးရှူ စိတ်​ပူဖို့မလိုဘူး"

"ဒါ​ပေမယ့်​....."
ထိုလူက သူမကို ​အေးစက်​စက်​မျက်​နှာထားဖြင့်​ကြည့်​သည်​။
"မိန်းက​လေးရှုက ကိုယ့်​အလုပ်​ပဲ ကိုယ်​လုပ်​ပါ"

အား​ကျောင်း ​​အေးစက်​လွန်းသည်​ဟု ခံစားလိုက်​ရသည်​။

ထိုလူဘာကိုဆိုလိုသွားသလဲဆိုတာ ​သေချာ​ပေါက်​သူမသိသည်​မဟုတ်​ပါလား။

သူမ၏ အလုပ်​ရှင်​ မဒမ်​​ကျောင်းလီက ​ရှောင်းယန်​တွင်​ သူများနှင့်​မတူ​သောစရိုက်​ရှိသည်​ဟု​ပြောဖူးသည်​။
ထို့အပြင်​ အစိုးအရိမ်​လွန်​သည့်​​စိတ်​​ရောဂါလည်းရှိသည်​မို့ သာမန်​မည်​သည့်​သးစိမ်းကိုမှအကပ်​မခံသည့်​အပြင်​ သူ၏ ဥာဏ်​ရည်​ပိုင်းနှင့်​ပတ်​သတ်​၍လည်းပြဿနာရှိ​နေ​သေးသည်​ဟုဆို၏။

"​ရှောင်းယန်ရဲ့ အ​ဖေ​ရော ငါ​ရော သူ့အ​ခြေအ​နေကိုသိပါတယ်​။မင်း သူ့ကို​ကောင်း​ကောင်းမသင်​နိုင်​ရင်​လည်း ငါတို့မင်းကိုအပြစ်​မ​ပြောပါဘူး။"

ဒီ​ကောင်​​လေးက တကယ်​ပဲရူး​ကြောင်​​ကြောင်​ဖြစ်​​နေတာလား။ဥာဏ်​ရည်​မပြည့်​ဘူးဆိုတာ​ရော တကယ်​လား?

သူမ ဒီကိုမလာခင်​ကတည်းက ဇာတ်​လိုက်​မင်းသား​ရှောင်းယန်​သည်​ အိမ်​၌လစ်​လျူရှုခံသူတစ်​ဦးမှန်း သူမသိပြီးသားဖြစ်​သည်​။သို့​သော်​ ယခုအ​စေခံတစ်​​ယောက်​၏ဆက်​ဆံပုံကိုကြည့်​ရုံနှင့်​ပင်​ ဒီ​ကောင်​​လေးဘယ်​လို​နေခဲ့ရမယ်​မှန်းခန့်​မှန်းကြည့်​နိုင်​​နေ​လေပြီ။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now