သခင်​​လေးသည်​​ ​သွေး​အေးသည်​ - ၁၁

6.8K 975 18
                                    

အား​ကျောင်းက ဇာတ်​လိုက်​ကိုပြုံး၍​ပြောလိုက်​သည်​။
"တို့ကိုချီးကျူး​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​။ တို့ကိုယ်​တို့လည်း လှတာသိပါတယ်​။

ရှောင်းယန်​ : “......”

သူ အား​ကျောင်း၏မျက်​နှာကို လှမ်းကြည့်​လိုက်​၏။
အရင်​က သူထင်​ခဲ့သည်​များကိုသံသယဖြစ်​စပြုလာသည်​။

ခံစားချက်​အကုန်​လုံးမျက်​နှာမှာ​ပေါ်တဲ့ဒီမိန်းမက ​ကျောင်းလီနဲ့​ပေါင်းပြီး သူ့ကိုမ​ကောင်းကြံတာဖြစ်​နိုင်​ရဲ့လား?'

ဒါမှမဟုတ်​ သူ့ကိုဒီပုံစံဖမ်းပြီး အယုံသွင်းဖို့ကြိုးစား​နေတာလား?

ရှောင်းယန်​က​တော့ ​သူ့ကိုအယုံသွင်း​​​နေသည်​ဟု သာယုံလိုက်​ချင်​သည်​။

အကယ်​၍ သူမသာတကယ်လိမ်​​နေတာဆိုလျှင်​....

လှိုက်​လှိုက်​လှဲလှဲပြုံး​နေ​သောအား​ကျောင်း၏မျက်​နှာကိုသူကြည့်​ရင်းနှလုံးသားထဲ၌​အေးစက်​စက်​ခံစားလိုက်​ရသည်​။ဒီလိုမျက်​နှာ ဒီလိုသရုပ်​​ဆောင်​​ကောင်းပုံမျိုးနဲ့ဆိုရင်​ မင်းသမီးလုပ်​စားလို့်​က​တော့ထိပ်​ကို​ရောက်​မှာပဲ။ ဘာကိစ္စ ငါ့လာ​နှောက်​ယှက်​​နေရတာလဲ?

အား​ကျောင်းက​တော့ ဇာတ်​လိုက်​​၏အ​တွေးများ​ပြောင်းပြန်​​တွေလန်​​​နေသည့်​အ​ကြောင်းကို ဘာမှမသိရှာ​ပေ။

သူမအ​တွေးက​တော့ရိုးစင်းလှသည်​။ သူမကိုယ်​သူမလှသည်​ထင်​၍ ဇာတ်​လိုက်​၏စကားကို​ထောက်​ခံလိုက်​ရုံသာ။

စိတ်​ကြီးဝင်​တာဘာညာ သူမဘာမှမသိ။

ဇာတ်​လိုက်နှင့်​လွယ်​လင့်​တကူနီးစပ်​ခွင့်​ရသည့်​အတွက်​ သူမmission ​အောင်​မြင်​ရန်​နီးစပ်​​နေပြီဟု ​တွေး၍ ​ပျော်​​နေ​တော့သည်​။

သူမ၏ အူမြူးသွား​သောရလာဘ်​အ​နေဖြင့်​ ​စိတ်​​တွေတက်​ကြွသွားကာ ​ရှောင်းယန်​ကို တစ်​နာရီလာက်​​ခေါ်၍ ပတ်​​ပြေးလိုက်​ကြ​လေသည်​။

ရှောင်းယန်​အတွက်​က​တော့ ယခုလိုပတ်​​ပြေး​နေရသည်​မှာ အလွန်​ဆိုးရွား​သောဖြစ်​ရပ်​ကြီးဖြစ်​သည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now