သခင်လေးသည် သွေးအေးသည် - ၃၀

3.3K 464 9
                                    

သူမက ဘာမှဆက်မပြောတော့ပဲ စားပွဲပေါ်မှစွပ်ပြုတ်ပန်းကန်ကို အန်တီကျန်းဆီ တိုးပေးလိုက်ပြီး
"ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီစွပ်ပြုတ်ကို အန်တီကျန်းသောက်ဖို့ပေးမလို့"

အန်တီကျန်း၏ မျက်နှာပေးပြောင်းသွား၏။
"မိန်းကလေးရှုက ကျွန်မကိုမုန်းနေတာလား....ဒီအသုံးမကျတဲ့မိန်းမကြီးကိုလေ?"

သူမက အားကျောင်းနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ရှောင်းယန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး လေသံကိုမြှင့်၍ပြောပြန်သည်။
"ငါက အသုံးမကျဘူးဆိုရင်တောင် ဒီအိမ်တော်မှာငါအလုပ်လုပ်လာတာ နှစ်တွေကြာလှပြီ။ ဘာအကျိုးခံစားခွင့်မှမရှိပဲနဲ့တောင် အလုပ်ကြိုးစားခဲ့တာ။ မိန်းကလေးရှု...ကြည့်ရတာ နင့်မျက်လုံးထဲမှာ ငါက ကန့်လန့်ဖြစ်နေတယ်ထင်ပ!ပြောစမ်းပါ....ငါဒီမှာနေနေတာ နင့်မျက်စိထဲက ဖုန်မှုန့်ဖြစ်ဖို့မဟုတ်ဘူး...ဘာကိစ္စ ငါ့လာ​ေ၀ဖန်နေတာလဲ?"

အန်တီကျန်း၏ စိတ်ထဲတွင် အားကျောင်းသည် အရေးမပါ။

တစ်ဖက်လူက မိမိထက် အရာအားလုံးတွင်သာလွန်နေသည်ကို သိသော်ငြား မနာလိုမှုအပေါ်အခြေခံရင်း ကိုယ်ထင်ရာဆွဲပြော ကောက်ချက်ချသည့်လူမျိုးများ ဤကမ္ဘာပေါ်တွင် ရိုက်သတ်၍မကုန်။

သို့သော် ဤနည်းတစ်နည်းတည်းကသာ သူတို့အတွက် စိတ်သက်သာရာ ရစေသည်။
(Grace : ခေ့ခေ့ အမှန်တွေ။ တကယ်က အဲ့လိုလူမျိုးတွေဆိုတာ ကမ္ဘာပေါ်မှာသနားစရာအကောင်းဆုံးသတ္တ၀ါတွေပဲ :33 )

​ောဘုယျအားဖြင့်ဆိုရလျှင် အန်တီကျန်းလည်း ထိုကဲ့သို့ပင်ဖြစ်၏။ တစ်နည်းဆိုရသော် လှပချောမောထက်မြက်ပညာရှိသည့် အားကျောင်းလိုမိန်းမငယ်တစ်ယောက်ကို အန်တီကျန်းလိုလူမျိုးက လွှမ်းမိုးနိုင်ပါမည်လော?

အားကျောင်းကတော့ တခြားလူများနှင့် ရန်မဖြစ်ချင်။ အန်တီကျန်းလိုလူနှင့်လည်း ရန်ဖြစ်စရာအကြောင်းမရှိ။

အန်တီကျန်းပြောသမျှကိုနားထောင်ပြီးနောက် သူမက ခေါင်းသာငြိမ့်ပြလိုက်သည်။
"အင်း...အန်တီကျန်းဖက်က အဲ့လိုထင်တယ်ဆိုတော့ ကျွန်မဖက်ကလည်း အန်တီကျန်းစွပ်ပြုတ်တောင်မချက်တတ်ဘူးလို့ထင်တယ်။ ကျွန်မမသိတဲ့ နံစော်နေတဲ့ဟင်းခတ်တွေတောင်ပါသေး...တကယ်သုံးစားလို့မရဘူး"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now