သခင်​​လေးသည်​ ​သွေး​အေးသည်​ - ၆

6.8K 1K 27
                                    

အား​ကျောင်းကအ​ရှေ့ကသွားကာ ​ရှောင်းယန်​ကအ​နောက်​ကလိုက်​ရင်းနှစ်​​ယောက်​လုံး ဗီလာထဲမှထွက်​လာခဲ့သည်​။

ဆည်းဆာချိန်​မို့ ​​ပတ်​ဝန်းကျင်​သည်​အရမ်းမ​မှောင်​​သေး​ပေ။
အ​နောက်​ဖက်​သို့ယွန်း​နေသည့်​​ ​နေမင်း၏လက်​ကျန်​ လိ​မ္မော်​​ရောင်​အလင်းတန်းများက ​ကောင်းကင်​အားသိမ်းပိုက်​ထားကာ နူးညံ့စွာလှပ​နေကြသည်​။

အိမ်​ရာများဖြစ်​သည်​မို့ ပတ်​ဝန်းကျင်​ကို​သေချာပြုပြင်​ထားသဖြင့်​ ကြည့်​ရသည်​မှာမျက်​စိပသာဒရှိလှသည်​။

အား​ကျောင်းက အသက်​ကိုဝဝရှူလိုက်​ကာ ​ရှောင်းယန်​ကိုအပြုံး​လေးဖြင့်​လှမ်းကြည့်​လိုက်​သည်​။
"ဘယ်​လိုလဲ​ ​​ရှောင်းယန်​...အပြင်​ထွက်​ပြီးလမ်း​လျောက်​ရတာမ​ကောင်းဘူးလား?"

ရှောင်းယန်ကထုံးစံအတိုင်းဘာမှမ​ပြော။

 ​ကျောင်းလီဆို​သောမိန်းမ သူ့ကို ယုံကြည်​​စေရန်​အလို့ငှါ သူမအလိုရှိသည့်​အတိုင်း သူ ​နေ​ပေးရမည်​။ထို့​ကြောင့်​ သူဘာမှမသိချင်​​ယောင်​​ဆောင်​ရမည်​။ဘယ်​သူကမှလည်း အရူးတစ်​​ယောက်​ကိုဒီ​လောက်​ဂရုစိုက်​မည်​မဟုတ်​။

သူ ဖာသိဖာသာ​နေတာ​တောင်​ ထိုမိန်းမက လက်​​လျော့ရန်​ငြင်းဆန်​​နေ​သေးသည်​။ သူ့ကိုဆန့်​ကျင်​မည့်​​နောက်​မိန်းမတစ်​​ယောက်​​တောင်​ပိာ့လိုက်​​သေး၏။

သူ ​ခေါင်းကို​မော့ကာ အား​ကျောင်းကိုကြည့်​လိုက်​သည်​။

သူမက အ​တော်​​လေးလှသည်​။ ပြုံး​နေတတ်​​သောမျက်​နှာထား​လေးနှင့်​ ​နွေး​ထွေးတတ်​​သောအမူအကျင့်​တို့​ကြောင့်​ သူတစ်​ပါး၏မျက်​နှာသာ​ပေးမှုကိုအလွယ်​တကူရရှိ​နိုင်​သည်​။

သို့​သော်​ ထိုမျက်​နှာလှလှ​လေးသည်​​ထောင်​​ချောက်​တစ်​ခု မှန်းသိခဲ့မိလျှင်​​တော့ အ​တော်​​လေးနှ​မျောဖို့​ကောင်း​ပေလိမ့်​မည်​။

သူမပြုံး​နေစဉ်​အတွင်း သူမဘာ​တွေ​တွေး​နေလိမ့်​မလဲဆိုတာကိုသူသိချင်​မိသည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now