သခင်​​လေးသည်​​ ​သွေး​အေးသည်​ - ၇

6.6K 1K 14
                                    

သူ​ပြောလိုက်​သည့်​စကား​ကြောင့်​​ပျော်​သွားသည့်​ အား​ကျောင်း၏မျက်​နှာကို ​ရှောင်းယန်​ကြည့်​လိုက်​သည်​။ စိတ်​ထဲတွင်​​တော့ ထိုအမူအရာကို ရှုံ့ချ​နေမိ​သော်​လည်း အပြင်​ဖက်​တွင်​​တော့ သူမသွားသည့်​​နောက်​ကိုသာလိုက်​လာခဲ့လိုက်​သည်​။

ည​နေခင်း၏​လေ​ပြေအချို့က ညင်​ညင်​သာသာ​လေးတိုက်​ခတ်​​နေ၏။

အား​ကျောင်းက ရှပ်​အင်္ကျီအပါး​လေးတစ်​ထည်​တည်းကိုသာဝတ်​ထားသဖြင့်​ မသိလိုက်​ပဲ ကိုယ်​ကို​ကျုံ့ကာ ညည်းတွားလိုက်​မိသည်​။
"​အေးလိုက်​တာ"

ပြီးမှ သူ့​ဘေးက ​ရှောင်းယန်​ကိုသတိရပြီး ထပ်​​မေးလိုက်​သည်​။
"​ရှောင်းယန်​....မင်း​အေးလား...မ​အေးဘူးမလား?"

ရှောင်းယန်​က ​ခေါင်းခါပြ၏။

အား​​ကျောင်းက သူ့လက်​​မောင်းကိုကိုင်​လိုက်​ကာ သူဝတ်​ထား​သော ဂျက်​ကတ်​ကိုကြည့်​ရင်းခပ်​​တွေ​တွေ​လေးဆိုလိုက်​၏။
"မင်းက တကယ်​ဥာဏ်​​ကောင်းတယ်​။အပြင်​ထွက်​ရင်​ အင်္ကျီဝတ်​လာရမှာကိုသိတယ်​။"

ရှောင်းယန်​နှာ​ခေါင်းရှုံ့လိုက်​သည်​။ ဒီမိန်းမက ဇာတိပြလာပြီလား...

ခြေလှမ်းအသစ်​​တောင်​စ​နေပြီပဲ။ ငါ့နားကိုကပ်​​နေပြီ။

သူ အား​ကျောင်းကို ​သေချာကြည့်​လိုက်​ရင်း ​ဖြေလိုက်​သည်​။
"တီချယ်​အရမ်း​အေး​နေရင်​ ကျွန်​​တေယ့်​အင်္ကျီကိုဝတ်​ထားမလား"

ရှောင်းယန်​​တွေးလိုက်​သည်​က ဒီမိန်းမ အခွင့်​အ​ရေးကို​သေချာ​ပေါက်​လက်​လွှတ်​လိမ့်​မည်​မဟုတ်​ဟူ၍။

သေချာ​ပေါက်​အခွင့်​အ​ရေးကိုအမိအရဆုပ်​ကိုင်​လိမ့်​မည်​။

သို့​သော်​ အား​ကျောင်း သည်​ ရှု​ကျောင်းမဟုတ်​​ပေ။

အား​ကျောင်းက ထိုစကားကိုကြားသည်​နှင့်​ ချက်​ချင်းကိုငြင်းပစ်​သည်​။

"မင်း ဘာ​တွေ​ပြော​နေတာလဲ?မင်းက​နေ​ကောင်းတာလည်းမဟုတ်​ပဲနဲ့ ​လေစိမ်းအတိုက်​ခံချင်​​နေတာလား?ကိုယ့်​အင်္ကျီကိုယ်​ဝတ်​ပြီး ဇစ်​ပါဆွဲထား"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now