သခင်​​လေးသည်​ ​သွေး​အေးသည်​ - ၁၀

6.5K 1K 25
                                    

"ကျွန်​​တော်​မိန်းက​လေးမဟုတ်​ဘူး"
သူ မျက်​နှာထားတင်းတင်းဖြင့်​ခပ်​မာမာဆိုလိုက်​၏။

အား​ကျောင်းက​တော့စိတ်​ထဲတွင်​လှိုက်​ခနဲ​ပျော်​သွားသည်​။
မျှော်​လင့်​ထားသည့်​အတိုင်း စာအုပ်​ကတကယ်​အသုံးဝင်​သည်​။

"ဒါဆို သွားမယ်​​လေ"

သူတို့ထွက်​လာသည့်​အချိန်​တွင်​ ထုံးစံအတိုင်း ဟိုအလုပ်​သမားနှင့်​ထပ်​ဆုံသည်​။

ဒီလို​နေရာ ဒီလိုအချိန်​မျိုးတွင်​ ​ရှောင်းယန်​ကို​တွေ့ရသည်​မှာ အိမ်​ထိန်းတစ်​​ယောက်​အ​နေနှငိ့ တိုက်​ဆိုင်​မှုမဟုတ်​မှန်းသိလိုက်​သည်​။

"သခင်​​လေး?"

ရှောင်းယန်​က မသက်မသာ​မျက်​နှာထားဖြင့်​ထိုသူကိုကြည့်​လိုက်​သည်။

ရှောင်းယန်​၏အကြည့်​ကိုမြင်​သွား​သော အား​ကျောင်းက​တော့ စိတ်​ထဲတွင်​ ​ဒေါသတလိပ်​လိပ်​ထွက်​လာ​လေသည်​။သို့​သော်​ သနားသွားသည်​ဆိုလျှင်​ပိုမှန်​မည်​။

တကယ်​ဆို ​ရှောင်းယန်​မှာအိမ်​ပိုင်​ရှင်​ဖြစ်​​သော်​ငြား သူ့ခင်​မျာ ယုန်​သူငယ်​​လေးလိုအခြားလူ​တွေကို​ကြောက်​​နေရရှာသည်​။

"​ရှောင်းယန်​ကို ကျွန်​မ​ပြေးဖို့​ခေါ်သွားဦးမယ်​"
သူမ​ပြောလိုက်​၏။

ထိုအခါ ထိုအိမ်​ထိန်းက​ ခွင့်​မပြုချင်​သည့်​ဟန့်​ဖြင့်​မျက်​​မှောင်​ကျုံ့လိုက်​၏။
"ဒါ​ပေမယ့်​ သခင်​​လေးရဲ့ခန္ဓာကိုယ်​က ကြမ်းကြမ်းတမ်းတမ်း​တွေမလုပ်​န်ုင်​ဘူး"

ဤသည်​မှာ သူတို့်​ ​ရှောင်းယန်​၏လှုပ်​ရှားမှုများကိုထိန်းချုပ်​ချင်​သည့်​အခါတိုင်း​ပေး​သောဆင်​​ခြေဖြစ်​သည်​။

အား​ကျောင်း၏မျက်​နှာထားပို၍တင်းသွား၏။

သူမအတွက်​ အ​ရေးကြီးဆုံးအရာမှာ mission​အောင်​မြင်​ရန်​ဖြစ်​သည်​။

သူမ၏ missionကို အဟန့်​အတားဖြစ်​​စေသည့်​လူတိုင်း သူမ၏ရန်​သူသာဖြစ်​သည်​။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now