Arc 1.1

10.9K 818 5
                                    

unicode

ငါ့ကိုသန့်စင်ပေးပါ ခန့်ညားလှတဲ့ ငါ့ရဲ့သွေးစွန်းသူတော်စင် - အပိုင်း (၁)

ဖျက်ခနဲအလင်းရောင်သည် အမြင်အာရုံကို ဒုက္ခပေးပြီးနောက် ယူယွီသည် သူ့မျက်တောင်များကို ပုတ်ခတ်လိုက်သည်။ သူသည် ကြီးမားအိစက်ပြီး သက်တောင့်သက်သာရှိသော မွေ့ရာတစ်ခုပေါ်၌ လှဲလျောင်းအိပ်စက်နေခဲ့သည်။ ဘယ်ကိုရွှေ့ပြောင်းခုန်ကူးခံရသည်ကို သိဖို့ သူဘေးဘီကို ဝေ့ဝဲကြည့်မိလိုက်သည်။ ဒါမှမဟုတ် ပေါက်ဖက် system သည် သည်အတိုင်းအိမ်မက်ဆိုးတစ်ခုများလား။

[အလယ်ခေတ်က ခန်းစီး၊ အလယ်ခေတ် မွေ့ရာ၊ အလယ်ခေတ်လက်ရာ စားပွဲခုံ၊ ပစ္စည်းတွေတိုင်းက အလယ်ခေတ်...]

"နေပါဦး! ငါ တကယ်ပဲ ကူးပြောင်းခံလိုက်ရတာလား!?"

ယူယွီခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို လှုပ်နိုးသွားသည်။

"သေချာတာပေါ့" ပေါက်ဖက်system သည် ရုတ်တရက်ပေါ်လာပြီး ယူယွီဘေးမှာ ပေါလောမျောနေပြန်သည်။ "မင်းအတွက် ပထမဆုံးကမ္ဘာကနေ ကြိုဆိုပါတယ် ကောင်လေး၊ မင်းက အခု ကြွယ်ဝချမ်းသာပြီး ဘုရားကျောင်းအဓိကအုပ်စိုးတဲ့ Rianel တိုင်းပြည်ကြီးထဲမှာပေါ့။ ကြွယ်ဝချမ်းသာတယ်ဆိုပေမဲ့လည်း ရာစုနှစ်ပေါင်းများစွာ ဘုရားကျောင်းရဲ့ ချုပ်ကိုင်မှုက အားကောင်းခဲ့လို့ ဘုရားသခင်ရဲ့ အမည်နာမတော်အောက်မှာဆို နယ်နိမိတ် အကန့်အသတ်မရှိတာကို ဘုရားကျောင်းအာဏာပိုင်တွေက ကောင်းကောင်းသိတယ်"

"အကြမ်းဖျင်းတော့ ဥရောပအလယ်ခေတ်ပဲပေါ့..."ယူယွီသည် မှန်းဆရင်းဆိုလိုက်သည်။

ပေါက်ဖက်သည် ယူယွီကို လစ်လျူရှုလိုက်ပြီး အတက်အကျမဲ့သောအသံဖြင့် စကားဆက်သည်။ "အထက်ဘုန်းတော်ကြီးက ဘုရင်ထက် အာဏာရှိတဲ့ နိုင်ငံ့အကြီးအကဲပဲ။ သူက ဘာသာတရားကိုင်းရှိုင်းတဲ့ ဘုန်းကြီးပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်ကို လက်စွဲထားတယ် သူ့တပည့်ဖြစ်တဲ့ Rianel တိုင်းပြည်မင်းသား မိုက်ကယ်ကလည်း အဲ့အကျင့်ကို အမွေဆက်ခံထားတယ်။ ဒုတိယမင်းသားနဲ့ ရွေးချယ်ခံမင်းသားက နောက်တက်မယ့် အထက်ဘုန်းတော်ကြီး ဖြစ်လာလိမ့်မယ်။ သူက အသက်18နှစ်ပဲ ရှိသေးပြီး သွေးစွန်းမိုက်ကယ်လို့လည်း ခေါ်ကြတယ်"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now