Arc 2.22(အထက်တန်းကျောင်းရဲ့လွမ်းပုံပြင်)

5.3K 583 12
                                    

unicode

ကျောင်းကျွင်းကျယ်နှင့် စေ့စပ်ထားသူ လီယူယွီ၏ သေဆုံးမှုသည် မြို့ထဲတွင် ကြီးမားသော အာရုံစိုက်စရာတစ်ခု ဖြစ်နေခဲ့သည်။ ဆိုရှယ်မီဒီယာမှာရော လက်တွေ့ဘဝတွေမှာပါ လူတိုင်းက သည်အကြောင်းကို ပြောဆိုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းသည် ရုတ်တရက်ဆန်လွန်းပြီး ပို၍အငြင်းပွားစရာဖြစ်သည်မှာ လီယူယွီသည် (၃)နှစ်ကြာ ပျောက်ကွယ်နေသော နာမည်ကျော်တက်သစ်စမင်းသား ရန်လုံဟွေ့ဆီမှာ အသတ်ခံခဲ့ရသောကြောင့်ဖြစ်သည်။

လီယူယွီသေဆုံးပြီးသည့်နောက် ရန်လုံဟွေ့သည် ရဲဆီ ကိုယ်တိုင်သွားကာ အရာအားလုံးကို ဝန်ခံခဲ့သည်။ သူသည် လီယူယွီကို ဗိုက်ပေါ် နှစ်ချက်ပစ်သတ်ခဲ့ပြီး လီယူယွီကို သူ အကြာကြီးချစ်ခဲ့သော်လည်း ယူယွီက သူ့ကို တစ်ချက်မှ မျက်နှာသာမပေးဘဲ ကျွင်းကျယ်ကို ရွေးချယ်သွားသည့်အတွက် သတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့သည်။

သူသည် မနာလိုစိတ်ဖြင့် ပူလောင်နေပြီး သူ့ဒေါသကို မထိန်းနိုင်သောကြောင့် လီယူယွီကို သတ်ပစ်လိုက်သည်။

ဝန်ခံမှုသည် လူငယ်သရုပ်ဆောင် ရန်လုံဟွေ့ ၊ ဂုဏ်ထူးဆောင်ကျောင်းသား လီယူယွီ နှင့် သွမ့်မိသားစု ကျောင်းမိသားစုတို့၏ အမွေဆက်ခံသူ ကျောင်းကျွင်းကျယ်တို့ကြား သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟူ၍ သတင်းခေါင်းစဉ် ဖြစ်သွားခဲ့သည်။ အရမ်းရေပန်းစားလာသောကြောင့် ထိုအကြောင်းကို showbiz က ရုပ်ရှင်ရိုက်ဖို့ပင် ဆုံးဖြတ်ခဲ့သည်။

ရန်လုံဟွေ့သည် မူလက ထောင်ဒဏ် ဆယ့်ငါးနှစ် ချမှတ်ခံခဲ့ရသော်လည်း လီယူယွီ၏အလောင်းကို ခွဲစိပ်စစ်ဆေးရာတွင် မယုံနိုင်စရာရှာဖွေတွေ့ရှိမှု တွေ့ရှိခဲ့ပြီး ခွဲစိတ်မှုအပေါ်အခြေခံသော် လီယူယွီသည် အပြင်းအထန်ရုန်းကန်ပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ခွဲစိပ်စစ်ဆေးမှုအစီရင်ခံစာတွင် လီယူယွီ၏ သေဆုံးမှုသည် သူနှင့် လုံဟွေ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ မတော်ဆမှုသက်သက်သာဖြစ်ကြောင်း သက်သေပြခဲ့သည်။

လုံဟွေ့၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာများနှင့် ကိုက်ရာများ များစွာရှိနေသောကြောင့်လည်း ယူယွီသည် ရုန်းနေချိန်တွင် လုံးဝခွန်အားမဲ့နေတာ မဟုတ်ကြောင်းလည်း ပေါ်လွင်ခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now