Arc 1.8

4.4K 605 0
                                    

unicode

သူ့ရှေ့က သွေးစုပ်ဖုတ်ကောင် မြို့စား၏ အတွေးတွေ အလုပ်လုပ်ပုံကို မိုက်ကယ်တစ်ယောက် နားမလည်နိုင်တော့ပြီ။ သူသည် သူ့ရန်သူဆိုသည်မှာ ထင်ရှားလှသည်။ မြို့စား သာ ဆန္ဒရှိလျှင် နေရာမှာတင် သူ့ကို သတ်လိုက်သင့်သည်။ ဒါမှမဟုတ် တောအုပ်ထဲမှာ တစ်ယောက်တည်းလည်း ထားခဲ့နိုင်သည်။ ကျမ်းစာအုပ်သာမရှိလျှင် မိုက်ကယ် တစ်ခုမှ မလုပ်နိုင်ပေ။

မြို့စားသည် သူ့ကျမ်းစာအုပ်ကို ပြန်ယူလာပေးပြီး လည်နေတဲ့ ခြေချင်းဝတ်ကို ကုသဖို့တောင် ပြောနေသေးသည်၊

အမှန်တကယ်ပင် မြို့စားနှင့်ပတ်သက်ပြီး မိုက်ကယ် နားမလည်နိုင်တော့ပေ။

မိုက်ကယ်သည် အခွင့်အရေးကိုယူကာ ကျမ်းစာအုပ်ရဲ့ စာမျက်နှာကို ဖွင့်လိုက်သည်။ တစ်စုံတစ်ခုကို ရွတ်ဖတ်လိုက်ပြီး သူ့လက်ထဲမှ နွေးထွေးသော အလင်းရောင် ပေါ်လာခဲ့သည်။ သူ့လက်ကို ခြေကျင်းဝတ်တွင် ဖြေးညှင်းစွာ ထားလိုက်ကာ နွေးထွေးသော အလင်းရောင်ကြောင့် ပြန်သက်သာလာခဲ့သည်။

"အရှင့်သား ခြေကျင်းဝတ် ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမှာလဲ" ယူယွီသည် စိတ်မရှည်စွာမေးလိုက်သည်။ သူစံအိမ်ကနေ ခဏရှောင်မပြေးခင် မိုက်ကယ်မှာစိတ်ချရကြောင်း သေချာအောင် အတည်ပြုချင်သေးသည်။ တိုင်းပြည်အတွက် အန္တရာယ်ပေးသွားသော သွေးစုပ်ဖုတ်ကောင်မဖြစ်ချင်ခဲ့ပါ။

"လုံးဝအနာကျက်ဖို့တော့ ၃နာရီလောက်ကြာလိမ့်မယ်။" မိုက်ကယ်က ဆိုလာသည်။ ထိုအခါ ယူယွီသက်ပြင်းချလိုက်မိသည်။ သူသည် ကျောပေးလိုက်ပြီး မိုက်ကယ့်ရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ "တက်လိုက်"

"မင်း ဘာလုပ်မလို့လဲ" မိုက်ကယ်သည် သတိဖြင့် မေးလိုက်သည်။

" ကျွန်တော်မျိုး အရှင့်သားကို လုံခြုံတဲ့နေရာရောက်အောင် ပို့ပေးရဦးမယ်လေ။ ဒီတောအုပ်က ညဆို အရမ်းမှောင်တယ်။ ကျွန်တော်မျိုးမရှိရင် အရှင့်သားသေသွားလိမ့်မယ်။ အခုတော့ ကျောပေါ်ကိုတက်လိုက်။ ပြန်ကြမယ်။"

မိုက်ကယ် အံကြိတ်လိုက်သည်။ သို့သော် အမှန်ပင် သူကိုယ်တိုင်လည်း လမ်းမကြီးကို ဘယ်လိုပြန်သွားရမလဲ မသိပေ။ ခြေကျင်းဝတ်ကလည်း အခုမှ ပြန်ကောင်းကာစဖြစ်သည်။ ထို့ကြောင့် သူ့မာနတို့ကို ပြန်မြိုချလိုက်ပြီး မြို့စားရဲ့ကျောပေါ်တက်လိုက်ရုံသာ တတ်နိုင်တော့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now