Arc 2.14

3.8K 533 0
                                    

unicode

စနေနေ့တွင် ကျွင်းကျယ်သည် သူ့ရဲ့ မက်စတမ်ကား အနက်ရောင်ဖြင့် ကျောင်းအဆောင်ရှေ့သို့ ရောက်လာခဲ့သည်။ သူသည် ဂျင်းနဲ့ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး ယူယွီအတွက် ပန်းစည်း ယူလာသည်။

ယူယွီက အပြင်မှာစောင့်နှင့်နေပြီး ကျွင်းကျယ်က စိတ်လှုပ်ရှားစွာနဲ့ သူ့အနားကို ကပ်လာပြီး ပန်းစည်းကို ရှက်ရှက်နဲ့ ပေးလာတာ မြင်တော့ သူရယ်မောလိုက်သည်။ "... အလှလေးအတွက် ပန်းစည်းလှလှလေး..."

ကျွင်းကျယ်က သည်လို ကြက်သီးထစရာကောင်းသော စကားကို ပြောသည့်အခါ ယူယွီ ရယ်မောလုနီးပါးပဲ။ သူက ပန်းစည်းကိုလက်ခံပြီး မက်စတမ်အနက်ရောင်ဆီသို့ ကျွင်းကျယ်က ဦးဆောင်ခေါ်သွားခဲ့သည်။ ကျွင်းကျယ်သည် ကစားကွင်းသို့ ဦးတည်ပြီး မြို့ထဲသို့ မောင်းလာခဲ့သည်။ ယူယွီသည် ကားပေါ်တွင် တစ်ခုခုကို စနောက်ရင်း မေးလိုက်သည်။ "ဒီနေ့ မင်းဘာလို့ ဒီလောက် သေသေချာချာ ဝတ်စားထားရတာလဲ။ ငါ့ကို မင်းမိဘတွေဆီ ခေါ်သွားမလို့လား။ ငါ ဒီနေ့ ဂျင်းဘောင်းဘီနဲ့ တီရှပ် ရိုးရိုးပဲဝတ်လာတာ"

ကျွင်းကျယ်၏ နှလုံးသားသည် အနည်းငယ် ခုန်သွားသည်။ ယူယွီ နောက်ပြောင်နေမှန်း သူသိသော်လည်း သူစိတ်ရှားသွားရလောက်အောင်ပင် အတိအကျ မှန်နေခဲ့သည်။

"ငါ_ မင်းအတွက်ကြည့်ကောင်းနေချင်လို့။ မင်းက ရိုးရိုးတီရှပ်နဲ့တောင် အမြဲကြည့်ကောင်းနေတယ်" လို့ ကျွင်းကျယ်က ဆိုသည်။ ယူယွီသည် ကြည်နူးနေပြီး တစ်နည်းအားဖြင့် လေထုလေးကို နှစ်သက် ပျော်ရွှင်နေသည်။

[ ဟင်း...ကျွင်းကျယ်နဲ့ လုံဟွေ့ နှစ်ယောက်စလုံးက ချစ်သူကောင်းတွေပါ။ သူတို့က စာနာတတ်ပြီး ချစ်ဖို့ကောင်းကြတယ်။]

[ ပျူပါ : ဒါဆို ဘယ်သူ့ကို အကြိုက်ဆုံးလဲ? ]

[ ငါလည်း မသိဘူး... လုံဟွေ့က ဟန်ယဲ့ကို အများကြီး အမှတ်ရစေတယ်။ ဒါပေမဲ့ အဲ့အချက် ဖယ်လိုက်ရင် လုံဟွေ့က ကြင်နာတတ်ပြီး စာနာတတ်တဲ့သူလည်း ဖြစ်တယ်။ သူက ခင်ပွန်းကောင်း ပုံစံဖြစ်မှာပဲ။ ]

[ ကျွင်းကျယ်က ပိုင်ဆိုင်လိုသူဖြစ်ပြီး သူ့ခံစားချက်တွေကို မျက်နှာအမူအရာနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ သူက လုံဟွေ့ထက်တောင် ပိုပျော်စရာကောင်းတဲ့ ချစ်သူတစ်ယောက်ဖြစ်လိမ့်မယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက ငါ့ချစ်သူမဟုတ်ဘူး။ ]

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now