Arc 1.3

5.4K 700 0
                                    

unicode

"မောင်မင်းက သူ့အခန်းကို ငေးကြည့်နေဖို့ မထိုက်တန်ဘူး" မိုက်ကယ်ကဆိုလိုက်သည်။

ယူယွီ၏ အကြည့်တို့သည် ထိုနက်မှောင်နေသော မျက်ဝန်းများဆီသို့ ရောက်ရှိလာခဲ့သည်။ သူနှာခေါင်းရှုံ့လိုက်ပြီး "အရှင့်သားကြည့်ရတာ သူတော်စင်မအပေါ် အလွန်အကြူး ကာကွယ်ပေးနေတာပဲ။ ဒါလည်း လေ့ကျင့်ရေးရဲ့ တစ်စိတ်တစ်ဒေသပဲလား"

"သူတော်စင်မကို အစွမ်းကုန်ကာကွယ်ရမှာ ငါ့တာဝန်ပဲ။ သူ့တော်စင်မက ဘုရားသခင်ရဲ့ တမန်တော်ပဲ"

ယူယွီသည် စိတ်ပိုင်းဖြတ်လိုက်ပြီး မိုက်ကယ်ကို စိုက်ကြည့်သည်။ သူသည် ဘေးကိုထွက်လိုက်ပြီး အခန်းရှိရာတည့်တည့် လျှောက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် လုံးဝလောင်ကျွမ်းနေပြီဖြစ်သော်လည်း သည်လူသား၏ သူတော်စင်မအပေါ် စွဲလမ်းမှုပမာဏကို စမ်းသပ်ချင်နေခဲ့သည်။

"အတင့်ရဲလိုက်တာ! " မိုက်ကယ်သည် ယူယွီ့လက်ကို ဆွဲဆောင့်ပြီး နံရံဘက်ကို လွှတ်ပစ်လိုက်သည်။

"အား! " ကိုယ်ပေါ်မှာ ဆတိုးလာသော နာကျင်မှုတို့ကြောင့် ယူယွီမျက်နှာသည် ရှုံ့မဲ့သွားသည်။ ပရိတ်ရေဒဏ်ကြောင့်ရယ်၊ သူတော်စင်မရဲ့ အရောင်အဝါရယ် မိုက်ကယ်၏အားကုန်တွန်းထုတ်မှုကြောင့်ရယ် ပေါင်းပြီး သူအတော်လေး အားနည်းနေခဲ့သည်။

မိုက်ကယ်သည် နံရံမှာ ဖျော့တော့စွာမှီနေသော မြို့စားကို ငုံ့ကြည့်လိုက်သည်။ စောစောက တက်ကြွသောလူငယ်လေးဆိုသည်မှာ ထင်ယောင်ထင်မှားသာဖြစ်ပြီး ယခု သူ့မျက်ဝန်းတွေသည် အေးစက်နေသည်။ "မောင်မင်းလို နုံချာတဲ့လူသားကြောင့် သူတော်စင်မကို အနှောက်အယှက်ပေးလို့မဖြစ်ဘူး"

"အရှင့်သား, မေး_မေးပါရစေဦး။ ကျွန်တော်ကို ထိခိုက်အောင်လုပ်တဲ့အတွက် အရှင့်သားကို သူတော်စင်မက ခွင့်လွှတ်ပါ့မလား။ အပြစ်မရှိတဲ့လူတွေကို နာကျင်အောင်လုပ်ဖို့ သူတော်စင်မက သူ့တပည့်ကို ခွင့်ပြုထားတာလား" ယူယွီသည် ခပ်ရွဲ့ရွဲ့ပြုံးရင်း ဆိုသည်။

မိုက်ကယ့်မျက်နှာသည် တွန့်ချိုးသွားပြီး ယူယွီဝမ်းဗိုက်ကို ကန်ကျောက်လိုက်သည်။ ယူယွီသည် သူ့ဝမ်းဗိုက်ကိုကိုင်ပြီး မြေပြင်မှာကွေးနေခဲ့သည်။ "ငါ့ကို မေးခွန်းထုတ်ဖို့ မောင်မင်းကို ခွင့်မပြုထားဘူး။ ငါလုပ်သမျှ အရာတိုင်းက သူတော်စင်မ ဘေးကင်းဖို့ပဲ။ မြို့စားမင်းကြည့်ရတာ ဒီနေရာမှာ ငါ့အာဏာကို စိန်ခေါ်ဖို့ တော်တော်စိတ်အားထက်သန်နေပုံပဲ"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now