Arc 4.7

2.6K 273 9
                                    

unicode

[ ပျူပါ : ဒင်! ဖူးစာမီတာ ၁၅% အထိတိုးလာပါပြီ။]

[ အဲဒါက ထိုက်တန်တယ်လို့ မခံစားရဘူးနော် ]

"ဪ, စိတ်မဆိုးပါနဲ့၊ ငါနောက်နေတာပါ~" ဟာဗီးယား၏ တခစ်ခစ်ရယ်သံသည် တိုးညှင်းသော ရယ်မောမှုအဖြစ်သို့ ပြောင်းလဲသွားပြီး ရုတ်တရက် သူဝင်ရောက်လာမှုကြောင့် အံ့အားသင့်နေသော ဗိုလ်ချုပ်ငယ်နှစ်ဦးကို ကြည့်လိုက်သည်။ ရှက်သွေးဖြာနေသော အစ်ကိုကြီးလိုင်ယွန်နှင့် လိုင်ယွန်ကို စိုက်ကြည့်နေသော ဤဗိုလ်ချုပ်ငယ်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဒီဗိုလ်ချုပ်နှစ်ယောက်သည် အိမ်ရှေ့စံမင်းသား လိုင်ယွန်အပေါ် တိတ်တိတ်လေး သဘောကျနေပုံရသည်။

ဟာဗီးယား သည် သူ့ခေါင်းထဲတွင် အတွေးလေးတစ်ခု ဝင်လာသည် ၊ အစ်ကိုကြီး လိုင်ယွန်သည် ချောမောပြီး ထက်မြက်သော အိမ်ရှေ့စံမင်းသား ဖြစ်သည်။ သူ့မှာ အောင်မြင်မှုတွေ အများကြီးရထားပြီး အမြဲတမ်း ကျော်ကြားသော လူပျိုတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် သူက မိန်းမရော ယောက်ျားနဲ့ပါ ဘယ်သူနဲ့မှ ချိန်းမတွေ့ဖူးပေ။ အစ်ကိုကြီး လိုင်ယွန်ဟာ အမြဲတမ်း အထီးကျန်နေသည်။

'အင်း... အစ်ကိုကြီးက အရင်က တစ်ခါမှ ချိန်းမတွေ့ဖူးလို့ မျက်နှာထားက အမြဲ မှုန်ကုပ်ကုပ်ဖြစ်နေတာ။ ငါ သူ့ကို တစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးလို့ရတာပဲ? ဒီဗိုလ်ချုပ်နှစ်ယောက်လည်း ဖြစ်နိုင်တယ်?hmm ...' ဟာဗီးယားသည် အောင်သွယ်တော် လုပ်ဖို့ တွေးတောနေခဲ့သည်။

"ဘာလို့ဒီမှာရှိသေးတာလဲ? ငါ -ငါအလုပ်ရှုပ်နေတာ မင်းမမြင်ဘူးလား?" လိုင်ယွန်က ပြောသည်။ ဟာဗီးယားသည် လိုင်ယွန်၏ စိတ်လှုပ်ရှားမှုကို သတိပြုမိသည်၊ သူ ဒီထဲက တစ်စုံတစ်ဦးကို သဘောကျနေသောကြောင့် သူ ရှက်နေခြင်း ဖြစ်ပေလိမ့်မည်။ အစ်ကိုကြီးလိုင်ယွန်သည် ထိုဗိုလ်ချုပ်ငယ် နှစ်ယောက်ထဲက အနည်းဆုံး တစ်ယောက်ကိုတော့ ကြိုက်နေရမည်ဟု ဟာဗီးယား တွေးနေသည်။

'အာ! ငါအရမ်းတုံးတာပဲ! ဒီလိုမျိုး ငါ ရုတ်တရက် ပေါ်လာပြီး အစ်ကိုကြီးကို အံ့သြအောင် မလုပ်သင့်ဘူး! သူ့ crush ရှေ့မှာ သူလည်း ရှက်မှာပေါ့!' ဟာဗီးယားသည် သူ့ခေါင်းထဲတွင် သူ့ကိုယ်ပိုင် ဇာတ်လမ်းကို ဖန်တီးပြီးနောက် ရုတ်တရက် စိတ်ဆုံးဖြတ်ပြီး ခေါင်းညိတ်လိုက်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now