Arc 3.20

1.7K 253 1
                                    

unicode

ယူယွီသည် လင်းခိုင်၏ တံခါးကို ခေါက်ရင်း အလုပ်များနေပြီး ပိဟယ်သည် လင်းခိုင်အပေါ် တစ်နည်းတစ်ဖုံ သြဇာလွှမ်းမိုးနေမည်ကို စိုးရိမ်နေသည်။ အချိန်မနှောင်းခင် အမှန်တရားကို သူပြောပြချင်သည်။

"လင်းခိုင်၊ လင်းခိုင် မင်းအထဲမှာရှိလား?!"

[ ပျူပါ : ဒင်! ကွဲပြတ်မီတာ ၈၀% အထိတိုးလာပါပြီ။ ဒါက ဒုတိယလျှို့ဝှက်ဇာတ်အိမ်ကို လော့ခ်ဖြည်ခြင်းအတွက် အပိုဆု ကွဲပြတ်မီတာ ဖြစ်ပါတယ် ။ ဂုဏ်ယူပါတယ် host ! ]

[ ပျူပါ : သတိ! ကွဲပြတ်မီတာ ၇၀% အထိ လျော့ကျသွားပါပြီ ]

System က အကြောင်းကြားချက်ကို ကြားသောအခါယူယွီ အံသြသွားသည်။ သူ system ကို ကမမ်းကတမ်း မေးလိုက်သည်။

[လင်းခိုင်ရဲ့ လက်ရှိတည်နေရာက ဘယ်မှာလဲ? ]

ပျူပါသည် ခဏတာ အကြောင်းမပြန်ဘဲ မိနစ်အနည်းငယ်ကြာပြီးနောက် ယူယွီဆီ ပြန်လာပြီး သတင်းပို့သည်။

[ ပျူပါ : သူက ငါ့ရဲ့ အဝန်းအဝိုင်းအတွင်းမှာ မရှိဘူး။ သူ့တည်နေရာအတိအကျကို မသိရခင် ငါ သူ့ကို အကျယ်တဝင့် ရှာဖွေရလိမ့်မယ်။ ဒါပေမဲ့ ကွဲပြတ်မီတာက စပေါ်နေပြီဆိုတော့ ဆိုလိုသည်က...]

[အိုး မဟုတ်ဘူး--]

ယူယွီသည် ဖြစ်ပေါ်လာတော့မည့် ဆိုးရွားသော ကြိုတင်သတိပေးချက်ကို ခံစားလိုက်ရသည်။ အပိုဆု ကွဲပြတ်မီတာကို ကွဲပြတ်မီတာ ကျဆင်းမှုနှင့်အတူ အစပျိုးထားသည်။ ဆိုလိုသည်မှာ လင်းခိုင် သည် ပိဟယ်၏အိမ်တွင် အရာအားလုံးကို မြင်တွေ့ခဲ့ရပြီ ဖြစ်မည်။ သည်လိုဆိုလျှင် လင်းခိုင် မည်သည့်အရာကိုမျှ နားလည်မှုမလွဲရန်သာ ယူယွီ မျှော်လင့်ပေသည်။

***

လင်းခိုင် နှင့် ပိဟယ် သည် ပိဟယ် ၏အခန်းတွင်ရှိနေသည်။ လင်းခိုင်က သူ့ဦးနှောက်ပုတီးစေ့ကို ထုတ်ယူနေတုန်း ပိဟယ်ကို တိတ်ဆိတ်စွာ ထိုင်ခိုင်းသည်။ လင်းခိုင်က စွမ်းအားကြီးသည် မှန်သော်လည်း ဒါသည် သူ့အတွက် နာကျင်စရာအလုပ်တစ်ခုဖြစ်သည်။ လက်ရှိခန္ဓာကိုယ်ထဲက ကိုယ့်ရဲ့ အသက် အဆီအနှစ်ကို ထုတ်ယူလိုက်လျှင် ခန္ဓာကိုယ်အသစ်မရမချင်း ရှုံ့မဲ့နာကျင်စေမည်ဖြစ်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now