Arc 1.11

4.1K 597 0
                                    

unicode

"မိုက်ကယ် မင်း သွေးစုပ်ဖုတ်ကောင်ကို ချစ်မိသွားပြီလား?" သူတော်စင်မက မေးလိုက်သည်။

မိုက်ကယ်သည် နေရာမှာတင် ချက်ချင်း ထိတ်လန့်သွားတော့သည်။ သူသည် သူတော်စင်မကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေခဲ့သည်။ အချစ်သည် မိုက်ကယ်အတွက် အရမ်းစိမ်းသက်သော အရာဖြစ်တာကြောင့် သူခေါင်းထဲတွင် အဲ့လိုအတွေးမျိုး တစ်ခါမှ မတွေးဖူးခဲ့ပေ။ အခုတော့ သူတော်စင်မသည် အဓိပ္ပာယ်မရှိသော မေးခွန်းဖြင့် ရင်ဆိုင်စေခဲ့ပြီ။

သွေးစုပ်ဖုတ်ကောင်ကို ချစ်မိတယ်? ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"ကျွန်တော် ဘယ်တော့မှ __" သူတော်စင်မ၏ တည်ကြည်လေးနက်သော မျက်နှာသည် သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောကြောင့် မိုက်ကယ်ပြောနေရာမှ ရပ်တန့်သွားရပြန်သည်။ သူကိုယ်တိုင်ထက် သူ့နှလုံးသားမှာ ဘာရှိလဲဆိုတာ သူမသည် ကောင်း ကောင်းမြင်ပြီးပြီ ဖြစ်တာကြောင့်ပင်။

"အချစ်အကြောင်း မေးတဲ့အခါ အလျင်စလို ပြန်ဖြေဖို့ မကြိုးစားပါနဲ့ ။ အချစ်က မြင့်မြတ်တဲ့ ခံစားချက်ပါ။" သူတော်စင်မ က ပြောလိုက်သည်။ "မင်းနှလုံးသားထဲ နှစ်မြုပ်နေတဲ့ အမှန်တရားကို ရှာဖွေလိုက်ပါ မိုက်ကယ်။ ပြီးမှ မင်းကို နောင်တရမနေစေချင်ဘူး"

"အရှင်မ..." မိုက်ကယ်သည် ခေါင်းကို ငုံ့ထားလိုက်သည်။ သူ့နှလုံးသားထဲက မရေမရာတဲ့ ခံစားကြောင့် သူ့နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူအရင်က သတိမထားမိခဲ့သော် လည်း သူတော်စင်မ က သူ့ကို မျက်နှာ ချင်းဆိုင် မေးလိုက်သောအခါ သူကိုယ်သူ တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။ "ကျွန်တော့်ခံစားချက်တွေကို ကျွန်တော်လည်း မသေချာသေးဘူး ဒါပေမဲ့... ကျွန်တော် သူ့ကို မသေစေချင်ဘူး"

"သွေးစုပ်ဖုတ်ကောင်ဖြစ်တဲ့ သူ့ပုံစံအစစ်အမှန်ကို သိပြီးတာတောင်မှလား?"

"ဟုတ်ပါတယ်"

သူတော်စင်မသည် ခေါင်းညိမ့်လိုက်ပြီး မိုက်ကယ့်ခေါင်းကို ညှင်သာစွာ ပွတ်ပေးလိုက်သည်။ "မကြာခင် မင်းဝန်ခံလာမှာပါ။ မင်း စောစောက မေးတဲ့မေးခွန်းကို ပြန်ဖြေရရင်... အဖြေက သွေးစုပ်ဖုတ်ကောင် အပါအဝင် နတ်ဆိုးတိုင်းက မကောင်းဆိုးဝါးတွေ မဟုတ်ပါဘူး။ ဘုရားသခင်က ငါ့ကို အတိတ်ကို ပြန်မြင်နိုင်တဲ့ မျက်လုံးတစ်စုံ ပေးသနားထားတယ်။ လူသားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ နတ်ဆိုးတွေကို မြင်ခဲ့သလို အားကစားတစ်ခုလိုမျိုး လူတွေကို သတ်ကစားတဲ့ နတ်ဆိုးတွေလည်း မြင်ခဲ့တယ်။ ရှားပါးပေမဲ့လည်း တချို့နတ်ဆိုးတွေက နတ်ဆိုးဖြစ်ဖို့ မွေးဖွားလာကြတာ မဟုတ်ဘူး။ သွေးစုပ်ဖုတ်ကောင်ဆိုတာလည်း သေသွားတဲ့ လူတွေပဲ ။ ကျိန်စာတိုက်ခံရလို့ ဒါမှမဟုတ် အရင်သွေးစုပ်ဖုတ်ကောင်ဆီက အကိုက်ခံရလို့ ဖြစ်လာကြတာ"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now