Arc 3.2

3.1K 438 5
                                    

unicode

[ ငါ တွေးနေတာ... ဖုတ်ကောင်တစ်ကောင်က ရွက်ဖျင်တဲကြီးတစ်ခု ဆောက်နိုင်မလားလို့လေ ]

[ ပျူပါ : ... ]

[...]

[ ပျူပါ : အခြေချမှုက သည်ဒေသမှာ အကြီးဆုံး အခြေချနေထိုင်ရာပဲ။ သူ့ကို တုရန်မြို့ လို့ခေါ်တယ်။ ရူလန်က ယခု အသက်သုံးဆယ်ပဲရှိသေးလို့ ငယ်ရွယ်တဲ့ သမ္မတတစ်ဦး ဒါပေမယ့် သူက တုရန်မြို့မှာ အသန်မာဆုံး စွမ်းရည်အသုံးပြုသူ။ တနိုင်ငံလုံးမှာလည်း အသန်မာဆုံး တယောက် ဖြစ်လိမ့်မယ်။]

[မင်းက ငါ့မေးခွန်းကို ရှောင်နေတာ! အဲဒီ နောက်ခံဇာတ်လမ်းကို ငါ့ဘာသာ ဖတ်နိုင်ပါတယ် ။]

[ ပျူပါ : အရှက်မရှိ နှာဘူးကောင် host! ဒီမေးခွန်းမျိုး ဘယ်လိုရောက်လာတာလဲ!?]

[ မင်းရောမသိချင်ဘူးလား။ လူသေတွေက သူတို့သေတဲ့အခါ သူ့ယောက်ျားအင်္ဂါလည်း တောင့်ကျန်ခဲ့တယ် ပြောကြတယ်... လောကရဲ့ အရှင်သခင်မှာ အမြဲတမ်း ရွက်ဖျင်တဲကြီး ရှိနေတာ ဖြစ်နိုင်တယ်လေ ...]

[ ပျူပါ :...]

[ မင်းလည်း စပ်စုချင်တယ်မဟုတ်လား? ဟီး ဟီး...]

ပျူပါ သည် တိတ်ဆိတ်သွားကာ ပျောက်သွားသည်။ သည်လို အရေးကြီးကိစ္စအတွက် ပိုပြီး နောက်ကြောင်းစစ်ဆေး မေးမြန်းရန် ရုံးချုပ်သို့ သွားရောက်ခဲ့သည်။

ယူယွီသည် အဖွဲ့နှင့်အတူ မြို့ထဲသို့ ပြန်လာခဲ့သည်။ ဒီကမ္ဘာကြီးမှာ ဖုတ်ကောင်ကမ္ဘာပျက်မှုတွေ ဖြစ်ပျက်နေတာ ဆယ်စုနှစ်ရှိနေပြီ။ အစပိုင်းမှာတော့ လေထဲကို ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့လာခဲ့သည်။ ဗိုင်းရပ်စ်ပိုးသည် ကူးစက်ခံရသော ခန္ဓာကိုယ်များကို မြန်မြန် ပုပ်သွေးဆွေးမြေ့စေပြီး အော့အန်စေကာ နောက်ဆုံးတွင် ရောဂါပိုးကူးစက်ခံရသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တွန့်လိမ် ကောက်ကွေးပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားသည်အထိ ပြင်းထန်သော ကြွက်သားပြောင်းလဲမှုကို ဖြစ်စေသည်။ ထိုအခြေအနေရောက်လျှင် သူတို့သေနေပြီဖြစ်သည်။

ထို့နောက် ၎င်းတို့သည် အလွန်ဆုံး နှစ်ရက်အတွင်း သေရာမှ နိုးထလာကာ ဖုတ်ကောင်တစ်ကောင် ဖြစ်လာမည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now