Arc 3.3

2.8K 420 9
                                    

unicode

[ပျူပါ : ကွဲပြတ်မီတာ ၁၅%။ ဖူးစာမီတာ -၁၀% ]

[ နေပါဦး ဖူးစာမီတာက အနုတ်ဘက်လည်း သွားနိုင်တယ် ?! ]

[ ပျူပါ : ကွဲပြတ်မီတာရော ဖူးစာမီတာရော နှစ်ခုစလုံး အနုတ်ဘက်ကို ရောက်သွားနိုင်တယ် ပြီးတော့ နောက်ကမ္ဘာတွေမှာ အဲ့တာနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အခြေအနေတွေ မင်း ရင်ဆိုင်ရလိမ့်မယ်။ ]

[... မင်း ငါ့ကို ချောက်တွန်းဖို့ ကြိုးစားနေတာ ခံစားမိနေတယ် ]

[ ပျူပါ : ကြိုဆိုပါတယ်နော် ]

ယူယွီ၏ မျက်လုံးများသည် နူးညံ့သော အပြုံးဖြင့် တောက်ပနေသော လင်းခိုင်ကို စိုက်ကြည့်နေသည်။ လင်းခိုင်သည် စိတ်ရှုပ်နေသော ဒုသမ္မတ ပိဟယ်ကို သိသာစွာ စိုက်ကြည့်နေပြီး မကြာမီပင် ဤလူငယ်၏ သိသာသော အပြုအမူကြောင့် ရှက်လာသည်။ သူ့တာဝန်ကို ပိုခက်ခဲအောင် မလုပ်ချင်တော့တာကြောင့် ယူယွီသည် လင်းခိုင်ရဲ့ မြင်ကွင်းကို ပိတ်ရပ်လိုက်သည်။ သူသည် ပိဟယ် ရှေ့မှာ ရပ်လိုက်ပြီး "မင်း အတန်းကို ပြန်လို့ရပြီ။ မင်းရဲ့ စွမ်းရည်ကို ပြပေးလို့ ကျေးဇူးတင်ပါတယ်"

လင်းခိုင်၏နူးညံ့သိမ်မွေ့သောအပြုံးသည် သမ္မတရူကို ကြည့်ချိန်တွင် အေးစက်သောအကြည့်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ခေါင်းငြိမ့်ပြသည်။ "ကျေးဇူးပါပဲ သမ္မတရူ"

လင်းခိုင်သည် အတန်းသို့ပြန်လာပြီး ယူယွီသည် သူတို့အားလုံးကို သက်ဆိုင်ရာဌာနသို့ အကဲဖြတ် နေရာချထားပေးခဲ့သည်။ ယူယွီသည် လင်းခိုင် ဘာလုပ်မလဲ မသိသောကြောင့် လင်းခိုင်လိုမျိုး အန္တရာယ်ရှိသော လူတစ်ယောက်ကို တစ်ယောက်တည်း မထားသင့်ဟု သူတွေးနေခဲ့သည်။

ထို့အပြင် ယူယွီသည် မြို့ကို ဖျက်ဆီးဖို့ လင်းခိုင်၏ ရည်ရွယ်ချက် အစစ်အမှန်ကို မသိပေ။ ထို့ကြောင့် လူတိုင်းကို တာဝန် ခွဲပေးပြီးနောက် သူသည် လင်းခိုင် ကို လက်ညှိုးထိုးပြပြီး အမိန့်ပေးလိုက်သည်။ "မင်းက ငါ့ရဲ့ ကိုယ်ပိုင်နောက်လိုက် လုပ်ရမယ်။ ငါ ကိုယ်တိုင် လေ့ကျင့်ပေးမယ်။"

အားလုံးက အထူးအခွင့်ရေးရသော လင်းခိုင်ကို လက်ခုပ်တီးနေကြချိန်မှာတွင် အဆိုပါကောင်လေးက အရမ်းပျော်နေပုံမပေါ်ဘဲ ဝတ်ကျေတမ်းကျေသာ ခေါင်းညိတ်ပြပြီး ဖြေခဲ့သည်။ " အခွင့်အရေးပေးတဲ့အတွက် သမ္မတရူကို ကျေးဇူးတင်ပါတယ်" ။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now