Arc 1.15

4.1K 558 5
                                    

unicode

လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရပြီးကတည်းက ၃လကြာမြင့်သွားခဲ့ပြီ။ ယူယွီသည် သူ့ဘဝ သူ ကြောက်ရွံ့နေတာကြောင့် ဆင်ခြေဖုံးကို ပြန်မသွားဖြစ်ခဲ့။ အဲ့သည်အစား သူ့အစေခံတွေကိုသာ နေ့စဉ်လွှတ်ပေးပြီး ဆင်ခြေဖုံးက သူဆင်းရဲတို့ကို ကူညီစေသည်။ ထို့ကြောင့် သူမလာနိုင်ခဲ့လျှင်တောင် ဆင်ခြေဖုံးသည် အစွန့်ပစ်မခံရပေ။

ယူယွီသည် ဥယျာဉ်တော်ထဲ လမ်းပတ်လျှောက်လိုက်၊ အခန်းထဲမှာ ကြက်နဲ့ နွားသွေးတွေ သောက်လိုက်၊ သည်ကမ္ဘာက သူမထွက်သွားခင် ပြင်ဆင်စရာရှိသည့် စာရွက်စာတမ်းတွေကို ပြင်ဆင်လိုက်နှင့် နေ့ရက်တွေကို ကုန်ဆုံးစေခဲ့သည်။ နောက်ဆုံးတော့ စိတ်ဝင်စားစရာ မကောင်းသောဘဝကြီးကို ၃ လ ဖြတ်သန်းပြီးနောက် တစ်တိုင်းပြည်လုံးမှာ သူ့နာမည်ကို လူသိများသွားအောင် ပြုလုပ်ခဲ့သောသူသည် သူ့ခြံဝန်းထဲတွင် နောက်ဆုံးလူလုံးပြလာသည်။

မိုက်ကယ်သည် ခေါင်းကိုနှိမ့်၍ မြို့စားရှေ့ ကိုင်းညွှတ်နှုတ်ဆက်လိုက်သည်။ "မတွေ့ရတာ ကြာပြီနော်, မြို့စား"

၃ လ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိုက်ကယ်ကို ပြန်မြင်ရသောအခါ ယူယွီ ပထမဆုံး သတိထားမိသည်က လည်ပင်းပေါ်က အမာရွတ်ပင်ဖြစ်သည်။ အမာရွတ်သည် ဖုံးဖွက်ထားလို့မရအောင် သိသာနေသော အမာရွတ်ဖြစ်သည်။ မိုက်ကယ့် မျက်ဝန်းတွေသည်လည်း ပြောင်းလဲသွားခဲ့သည်။ အရင်ကလို တောက်ပသော မျက်ဝန်းတွေသည် ပျောက်ဆုံးသွားခဲ့သည်။ အရင်ကဆို မိုက်ကယ်သည် ပွင့်လင်းလွန်းတာကြောင့် မိုက်ကယ့်မျက်ဝန်းတွေက တစ်ဆင့် ယူယွီသည် သူ့ခံစားချက်ကို ဖတ်နိုင်ခဲ့သည်။

အခုတော့ မိုက်ကယ့် မျက်ဝန်းတွေထဲတွင် ခံစားချက် အရိပ်အယောင် တစ်ခုကိုမှ ယူယွီ မဖတ်နိုင်ခဲ့ပေ။ သူသည် ဓားမြောင်ကို ဖွက်ပြီး တည်ငြိမ်နေသော မုဆိုးတစ်ယောက်လို၊ သူ့မျက်လုံးတွေသည် မှန်းဆလို့မရဘဲ သူ့အပြုံးတွေကလည်း ထူးဆန်းသော ခံစားချက်တို့ကိုပေးသည်။

သုံးလအတွင်း မိုက်ကယ့်၏ ပြောင်းလဲမှုတွေကို ဆွံအနေသော မြို့စားကို မြင်လိုက်သောအခါ မိုက်ကယ်ပြုံးလိုက်သည်။ " ဒီဒဏ်ရာအကြောင်း မေးချင်တာဆိုရင် မတိုင်ခင်က ရဟန်းမင်းကြီးရဲ့ လူတွေနဲ့ တိုက်ခိုက်ရင်း အမာရွတ်ရလာခဲ့တာ"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now