Arc 4.6

1.4K 215 0
                                    

unicode

ဆယ်ရက်ကြာ အနားယူပြီးနောက် နောက်ဆုံးတွင် လိုင်ယွန် ပြန်လည်ကောင်းမွန်လာကာ ရေချိုးပြီးနောက် သူ၏အဝတ်အစားများကို ပြင်ဆင်ပေးရန် အစေခံများအား တောင်းဆိုခဲ့သည်။ အစေခံတွေ ဝတ်ပေးတာအဆင်မပြေတဲ့အတွက် သူ့ဘာသာ သူသာ ဝတ်လေ့ရှိသည်။ လိုင်ယွန်သည် ပဝါတစ်ထည်နှင့် ခြောက်အောင် အရင်သုတ်ကာ ခါးကို အခြားပဝါဖြင့် ပတ်၍ အဝတ်အစားပေးရန်အတွက် အစေခံကို ခေါ်သော်လည်း အဖြေမရှိပေ။

"သူတို့ဘယ်ရောက်နေတာလဲ?" လိုင်ယွန်က တွေးတောလိုက်သည်။ သူထပ်ခေါ်ချင်ပေမယ့် တံခါးလက်ကိုင်က ပွင့်လာသည်ကို တွေ့လိုက်ရတယ်...

Crack!

တံခါးပတ္တာများ ပြုတ်ပြီး တံခါးအပြင်ဘက်မှ ပြုတ်ထွက်သွားသောအခါ လိုင်ယွန် အံ့အားသင့်သွားသည်။ ဟာဗီးယားသည် တံခါးလက်ကိုင်ကို ကိုင်လက်စဖြင့် ကြောင်အစွာ ရပ်နေသည်။ "အာ မင်းတို့ တံခါးကို အပြင်ကနေ တွန်းရမှာပေါ့... အဲဒါကို ငါမသိဘူး..."

လိုင်ယွန်က လန့်ဖျပ်ပြီး "မင်းဒီမှာ ဘာလုပ်နေတာလဲ?!"

ဟာဗီးယားသည် ပျက်စီးနေသော တံခါးကို ဂရုတစိုက် ချထားကာ လိုင်ယွန်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး ရိုးရိုးသားသား မှတ်ချက်ပြုလိုက်သည်။ "ဝိုး၊ အစ်ကိုကြီး လိုင်ယွန်မှာ ပန်းရောင် နို့သီးခေါင်းတွေ ရှိတာပဲ၊ ချစ်စရာကောင်းတယ်"

"မင်း-မင်း အရှက်မရှိ!" လိုင်ယွန်က သူ့ခန္ဓာကိုယ်ကို အခြားပဝါတစ်ခုနဲ့ ကာလိုက်ပြီး ဟာဗီးယားရဲ့ မျက်လုံးတွေကို ရှောင်ဖို့ သူ့ခန္ဓာကိုယ်ကို နောက် လှည့်လိုက်သည်။ သူ့မျက်နှာက ပူလာပြီး နီရဲနေသည်။

ဟာဗီးယား၏မျက်လုံးများသည် လိုင်ယွန်၏ခန္ဓာကိုယ်မှ မခွာဘဲ၊ လိုင်ယွန် ပြန်လှည့်လာသောအခါတွင် မျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ထပ်မံမှတ်ချက်ပေးခဲ့သည်။"မင်းက ဒီမျက်နှာသုတ်ပုဝါအောက်မှာလည်း ချစ်စရာကောင်းတဲ့ တင်ပါးတစ်ခု ရှိတယ်"

ဟာဗီးယားက သူ့ရဲ့ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက်အတွက် လိုင်ယွန်ကို စိတ်ရင်းမှန်ဖြင့် ချီးကျူးချင်ပေမယ့် လိုင်ယွန်က ဒါကို တစ်မျိုး ခံစားနေရခဲ့ပါတယ်။ သူ့ပုခုံးပေါ်က ပဝါကို ယူပြီး ဟာဗီးယားရဲ့ မျက်နှာဆီကို ပစ်ပေါက်လိုက်ပြီး ဆဲလိုက်သည်။ "အခု ထွက်သွား၊ မင်း အရှက်မရှိတဲ့ဟာလေး!"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now