Arc 1.9

4.3K 613 3
                                    

unicode

အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်ခဲ့တာကြောင့် မိုက်ကယ် ပင်ပန်းနေခဲ့သည်။ မှော်အစွမ်းကို သုံးလိုက်ရတာကြောင့် သူအားကုန်နေခဲ့သည်။ မိုက်ကယ်သည် မတတ်နိုင်ဘဲ ယူယွီကျောကုန်းပေါ် အိပ်ပျော်သွားခဲ့သည်။ မင်းသားအိပ်ပျော်သွားမှန်း သိတော့မှ ယူယွီသက်ပြင်းချလိုက်မိသည်။

အနည်းဆုံးတော့ သူ အခုချက်ချင်း သနားစရာကောင်းစွာ သေဖို့မလိုတော့ဘူးပေါ့။

[ ဖျူး.... သူနောက်ဆုံးတော့ အိပ်ပျော်သွားပြီ။ အခု ငါတို့ အချိန်ဖြုန်းဖို့ မလိုတော့ဘူး ]

ယူယွီ အသက်ပြင်းပြင်း ရှူလိုက်ပြီး တောအုပ်ကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။ သူတို့ ပြေးထွက်လာခဲ့သော လမ်းမကြီးဘေးကို ရောက်သည်အထိ သစ်ပင် တစ်ပင်ကနေ တစ်ပင်ကို သွက်လက်စွာ ခုန်ကူးလာခဲ့သည်။ ရထားမောင်းသမားသည် သူတို့ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။ မြို့စားနှင့် မင်းသားတို့ တောအုပ်ထဲ ခုန်ပြေးသွားသောအခါ သူ စိုးရိမ်တကြီး ထိုင်စောင့်နေဖို့သာ တတ်နိုင်ခဲ့သည်။

မင်းသားကို ကုန်းပိုးလာသော မြို့စားကို မြင်သည့်အခါ မြို့စားမျက်လုံးသည် အနီရောင်တောက်နေပြီး သွားမှာလည်း ဖုံးကွယ်ထားလို့မရသော သွားစွယ်တစ်စုံရှိနေခဲ့သည်။ သွားစွယ်မှလည်း သွေးတို့ တတောက်တောက်ကျနေခဲ့သည်။

ရထားမောင်းသမားသည် ထိတ်လန့်သွားခဲ့သည်။ သူဘာမှမလုပ်နိုင်ခင်မှာပဲ ယူယွီမျက်လုံးသည် အရောင်လက်သွားပြီး ရထားမောင်းသမား နေရာမှာတင် အေးခဲသွားခဲ့သည်။ သူ့အနားချဉ်းကပ်သွားပြီး ယူယွီ တိုးတိုးပြောလိုက်သည်။ " မင်း ဘာတစ်ခုမှ မမြင်ခဲ့ဘူး။ ငါနဲ့ မင်းသား သစ်တောထဲ ခုန်ဝင်သွား တာကို မမြင်ခဲ့ဘူး။ ငါတို့ ဒီလမ်းကို ဘာအတားအဆီးမှ မရှိဘဲ ဖြတ်လာခဲ့တယ်။ သိပြီလား "

"သိပါပြီ အရှင်"

ယူယွီ ရထားလုံးထဲ ဝင်ကာ မိုက်ကယ်ကို ခုံမှာ ညှင်သာစွာ နေရာချပေးသည်။ ရထားလုံးသည် တောအုပ်ကို ဖြတ်ပြီး မြို့စားစံအိမ်ကို ရောက်လာခဲ့သည်။ ယူယွီ အားကုန်သုံးပြီး အကုန်လုံးကို အိပ်မွေ့ချလိုက်သောကြောင့် မင်းသားမိုက်ကယ် ဒဏ်ရာရလာပြီး အဝတ်အစားတို့ စုတ်ပြဲလာသည်ကို ဘယ်သူမှ မမြင်တော့ပေ။ မင်းသားရဲ့ အစောင့်တွေကိုတော့ " မင်းတို့ အဆောင်ကို ပြန်နှင့်လိုက်တော့။ မင်းသားမိုက်ကယ်က သူဒီည စံအိမ်မှာပဲ နေတော့မယ်လို့ မှာလိုက်တယ်" ဟု ပြောလိုက်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now