Arc 2.21

3.9K 548 5
                                    

unicode

စေ့စပ်ပွဲကို သွမ့်မိသားစု၏ သီးသန့်ဥယျာဉ်ထဲတွင် ကျင်းပခဲ့သည်။ ကျွင်းကျယ်နှင့် ယူယွီတို့တွင် အထက်တန်းကျောင်းမှာ ရင်းနှီးသော သူငယ်ချင်းမရှိသောကြောင့် စေ့စပ်ပွဲသည် လူ့မလှိုင်အထက်တန်းလွှာများအတွက် သီးသန့်ပါတီပွဲသာ ဖြစ်ခဲ့ပြီး သွမ့်ပိုင်ယက ကျွင်းကျယ်ကို အသိုင်းအဝန်းနှင့် ရင်းနှီးလာစေရန် သွမ့်မိသားစု၏ စီးပွားရေး ပါတနာများအားလုံးကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့သည်။

ယူယွီသည် သူ့ရှေ့က လှပသော ပါတီပွဲကို ကြည့်နေသည် ။ ကျက်သရေရှိပြီး ခန့်ညားသော ပွဲတက်ဝတ်စုံနှင့် ဂါဝန်များ၊ အရောင်ဖျော့ဖျော့ လိုက်ကာရှည်များဖြင့် အလှဆင်ကာ လှပနေသော ဥယျာဉ်နှင့် မီးလုံးများက ပို၍ပင် မှော်ဆန်သွားစေသည်။ ယူယွီသည် သက်ပြင်းချလိုက်သည်။

"မင်း နေရတာ အဆင်မပြေဘူးလား?" ကျွင်းကျယ်က ယူယွီကိုမေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယူယွီသည် စေ့စပ်ပွဲနှင့် ပတ်သက်ပြီး သိပ်ပျော်ရွှင်ပုံမပေါ်သောကြောင့်ဖြစ်သည်။ သူက ယူယွီရဲ့လက်ကိုကိုင်ပြီး နမ်းလိုက်သည်။ "ငါတို့ရဲ့စေ့စပ်ပွဲအတွက် မင်းမပျော်ဘူးလား? "

ယူယွီသည် သူတို့၏လက်များ ယှက်နွယ်နေသည်ကို တွေ့လိုက်ရပြီး သူတို့ရဲ့လက်ချောင်းများတွင် တောက်ပနေသော လက်စွပ်များသည် သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို သက်သေပြနေသည်။ ယူယွီသည် ခေါင်းခါလိုက်ပြီး " မဟုတ်ပါဘူး၊ အသက် ဆယ့်ကိုးနှစ်မှာ မင်းနဲ့ စေ့စပ်လိုက်တယ်ဆိုတာ မယုံနိုင်လို့။ လူတွေအားလုံးထဲမှာ ကျွင်းကျယ်၊ မင်းနဲ့"


"အဲ့ဒါဆို နောင်တရနေတာလား" ကျွင်းကျယ်၏ အကြည့်များက နက်မှောင်သွားပြီး သူ့တွင် ယူယွီကို သူ့ဘေးတွင် ချည်နှောင်ထားရန် နည်းလမ်းများစွာရှိသော်လည်း အကျပ်ကိုင်မှုမပါဘဲ ယူယွီက သူ့ကို အမှန်တကယ် ချစ်စေချင်သည်။ စေ့စပ်ပွဲအတွက် ယူယွီသာ နောင်တရလျှင် ယူယွီ သူ့အနားမှာရှိနေပေးသရွေ့ တခြားနည်းလမ်းကို ရှာဖွေပေမည်။

"လုံးဝမဟုတ်ပါဘူး" ယူယွီသည် ပြုံးပြီး "အဲ့တာက မင်းဖြစ်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now