Arc.49

842 122 2
                                    

unicode

ထို သွယ်ဝိုက်...သို့မဟုတ် တိုက်ရိုက်ဝန်ခံမှု ပြီးနောက် ဟာဗီးယားသည် နန်းတော်မှ ထွက်ခွာသွားခဲ့ရာ ယူယွီကို ပို၍ပင် စိုးရိမ်လာစေခဲ့သည်။ ဟာဗီးယာက အထင်မြင်မှားပြီး အရင်ကထက် သူ့တာဝန်ကို ပိုခက်ခဲသွားအောင် လုပ်မိမှာကို သူကြောက်သည်။

ယူယွီ သည် သူ့အခန်းထဲ အရှေ့အနောက် အပြောင်းအပြန် လမ်းလျှောက်ရင်း ဒီလိုပြဿနာမျိုး အရင်က မကြုံဖူးသောကြောင့် စိတ်တွေပူလာသည်။ ကွဲပြတ်မီတာသာ သုညကို ရောက်သွားလျှင် ဘာဖြစ်လာမည်ကို သူမသိသလို စွန့်စားလိုစိတ်လည်းမရှိပါ။

[system၊ ဟာဗီးယားရဲ့ ကွဲပြတ်မီတာက သုညသို့ရောက်သွားရင် သူပေါက်ကွဲသွားမည်လို့ ထင်လား?]

[ပျူပါ: ဖြစ်နိုင်ပါတယ်။]

[အို ဘုရားသခင်၊ ငါ သူ့ရဲ့ ကွဲပြတ်မီတာကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ငါတကယ် မသိဘူး! သူက နုံနုံအအလေးဆိုပေမယ့် သူ့စိတ်ခံစားချက်က အရူးလို တက်လိုက်ကျလိုက် ဖြစ်နေတယ်! ]

[ပျူပါ: ကွဲပြတ်မီတာ ကျသွားရတဲ့အကြောင်းရင်းကို သိဖို့ မင်းစိတ်ခံစားချက်ကို အသုံးပြုသင့်တယ်။ မင်းက သူ့စိတ်ခံစားချက်ကို လျစ်လျူရှုပြီး မင်းရဲ့ သမားရိုးကျနည်းလမ်းနဲ့ ကမ္ဘာ့နောက်ခံဇာတ်လမ်းကိုပဲ အကြိမ်ကြိမ် အသုံးပြုနေတယ်။ ဟာဗီးယားရဲ့ စိတ်ခံစားချက်ကို လေ့လာဖို့ ကြိုးစားသင့်တယ်၊ သူက ရိုးရှင်းပေမဲ့ အတွေးများတဲ့လူတစ်ယောက်မို့လို့ ရေရှည်မှာ အဲ့တာက မင်းအတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်။]

ယူယွီသည် နောက်ဆုံးတော့ စိတ်ပူနေတာကို ခဏရပ်လိုက်ပြီး သူ့ရှေ့က လွင့်မျောနေတဲ့ ပျူပါ ကို ကြည့်လိုက်သည်။ "ငါ အခုကြားလိုက်တာ အကြံဉာဏ်ကောင်းပဲလား? "

ပျူပါသည် ယူယွီရှေ့တွင် ရုပ်လုံးပေါ်လာပြီး သူ့ခန္တာကိုယ်ဖြင့် ယူယွီခေါင်းကို ဖြတ်ရိုက်လိုက်သည်။ "ငါ မင်းကို အကြံဉာဏ်ကောင်းတွေ အမြဲပေးတယ်၊ မင်းသာ ကမ္ဘာတိုင်းမှာ မင်းရဲ့ လူပျိုရည် အကြောင်းပဲ အမြဲတွေးနေတာ။ တစ်ခါလောက်တော့ မင်းရဲ့ ဖင်ဦးနှောက်ကို ထိန်းချုပ်ထားစမ်းပါ"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now