Arc 1.6

4.5K 622 10
                                    

Unicode

" ငါကိုယ်တော် လေ့လာချင်တယ်" ဟု မိုက်ကယ်က ထပ်မံပြောလိုက်သည်။

ခဏလောက်တော့ ယူယွီ ကြောက်ရုပ်ဖြစ်သွားခဲ့သော်လည်း သတိကြီးကြီးထားနေဆဲ။ သူသည် မင်းသားကို စူးစမ်းနေပြီး ဆုံးဖြတ်ချက်အချို့ချပြီးနောက်မှာတော့ သူခေါင်းငြိမ့်လိုက်သည်။

"ဒါပေမဲ့ အရှင့်သား သူတို့ကို တရားပြဖို့တော့ ခွင့်ပြုမပေးနိုင်ဘူး။ အရှင့်သားကို မျက်နှာဖုံးနဲ့ ကြောင်သူတော်လို့ ထင်ကြလိမ့်မယ် " ယူယွီအကြံပေးလိုက်ပြီး မိုက်ကယ်ကတော့ သူဆင်းရဲရပ်ကွက်ဆီ အတူအဖော်လိုက်ဖို့ မြို့စားခွင့်ပြုလိုက်တာကြောင့် စိတ်သက်သာရာ ရသွားသည်။ သူတို့ အဲ့သည်မှာ ဘာလုပ်ဖြစ်ကြမလဲတော့ သူ မသိပါ သို့သော် မြို့စားနှင့်သာဆိုလျှင် သူသည် ကာကွယ်အစောင့်ရှောက်ကောင်းဖြစ်မှာကိုတော့ အာမခံနိုင်သည်။

ထို့ကြောင့် မိုက်ကယ်နှင့် ယူယွီသည် ရထားလုံးတစ်ခုတည်းတွင် ထိုင်လိုက်သည်။

ယူယွီတစ်ယောက် ဆင်ခြေဖုံးတွင် အရမ်းထင်ထင်ပေါ်ပေါ် မဖြစ်ချင်သောကြောင့် တစ်ကိုယ်စာ ရထားလုံးအသေးသာ အသုံးပြုပြီး ရထားလုံးမှာ အတော်လေး နေရာကြပ်နေခဲ့သည် ။

မင်းသားမိုက်ကယ် ဝင်ထိုင်လိုက်သောအခါ သူတို့နှစ်ဦး၏ ဒူးတို့သည် အချင်းချင်း မကြာခဏထိနေသည်။ ယူယွီသည် သက်တောင့်သက်သာ မရှိသော်လည်း မိုက်ကယ်မှာတော့ ဘယ်သူနှင့်မှ ဤမျှနီးနီးကပ်ကပ် မနေဖူးတာကြောင့် လုံးဝပိုဆိုးသောအခြေအနေဖြစ်နေသည်။ အကယ်၍ ရထားလုံးလေးသည် သူတို့ ကိုယ်ပိုင်ကမ္ဘာငယ်လေးသာဆိုလျှင်...

မိုက်ကယ်မျက်နှာသည် ဖုံးကွယ်လို့မရအောင် နီရဲလာတာကြောင့် ရှက်ရွံ့စွာ ခေါင်းငုံ့ထားခဲ့သည်။ ယခု မြို့စားနှင့် နီးကပ်နေရသည်ကို သူအတော် စိတ်လှုပ်ရှားနေသည်။

[ သူ့မျက်နှာက ဘာလို့ရဲနေတာလဲ ]

[ ပျူပါ : သူမင်းကို ကြိုက်နေလို့ ဖြစ်မှာပေါ့? သူ့ဖူးစာမီတာက ၃၀% တောင် ဖြစ်နေပြီလေ။ ဒါက လူသားကမ္ဘာမှာဆို တစ်ဖက်သတ်ကြိုက်တာနဲ့တောင် ညီမျှနေပြီ ]

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now