Arc 1.13

4.3K 605 3
                                    

unicode

မြို့စားပြောပြသမျှ အရာအားလုံးကို မိုက်ကယ် နားစိုက်ထောင်နေပြီး မြို့စားရဲ့ နောက်ဆုံးစကားကြောင့် မိုက်ကယ် ပိုအံ့ဩသွားသည်။ သူဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။

သူတော်စင်မသည် သူတို့ ပထမဆုံး စတွေ့စဉ်ကတည်းက သူတော်စင်ဖြစ်လာမည့် သူ့အနာဂါတ်ကို ကြိုသိနေမှန်း မိုက်ကယ်မသိခဲ့ပါ။ သို့သော်လည်း အယုံအကြည်မဲ့ လူသုံးရာကို အစုလိုက်သတ်ဖို့ အမိန့်ပေးတုန်းကလည်း သူ့ကို တားဖို့ တစ်ခုမှ မလုပ်ခဲ့ပေ။

ပုတီးအကြောင်း ထိတ်လန့်စရာ ဖော်ထုတ်မှုနှင့် ပတ်သက်၍ သွေးစုပ်ဖုတ်ကောင် မြို့စား၏ အတိတ်ဘဝသည် မိုက်ကယ်ကို ဒေါသ၊ ရွံရှာမှု၊ သနားခြင်းနှင့် အပြစ်ရှိစိတ်၊ ရှပ်ထွေးသော ခံစားချက်မျိုးစုံ ပေးသည်။ အရာအားလုံးသည် မိုက်ကယ့်အတွက် လက်ခံရန် များလွန်းနေသည်။ အမှန်တရားသည် ဒီလောက်နာကျင်ရမည်ဆိုလျှင် သူ့ကိုဆန့်ကျင်ဖို့ လူတွေကို ကူညီသယောင် ဟန်ဆောင်ခဲ့သည်ဟု မြို့စားပြောသည်ကို မိုက်ကယ် လိုချင်တော့သည်။

အဲ့လိုသာဆိုလျှင် မိုက်ကယ်သည် သူဘာဆက်လုပ်ရမလဲ သိမည်။ သူ မြို့စားကို ထာဝရ ချန်ထားခဲ့ပြီး ရဟန်းမင်းကြီး၏ သင်ကြားပြသမှုအောက်မှာ သူ ရဟန်းမင်းကြီး အသစ်ဖြစ်လာလိမ့်မည်။ မြို့စားသာ သူ့ကိုလိမ်ခဲ့လျှင် သူ့နှလုံးသားထဲက ကြီးထွားလာတဲ့ ခံစားချက်အားလုံးကို သတ်ပစ်လိုက်မည်။

ဒါပေမဲ့ မြို့စားက သူ့အတိတ်ဘဝအကြောင်း ပြောပြသောအခါ သူ့နှလုံးသားထဲက ခံစားချက်တွေသာ တိုးလာသည်မဟုတ်ဘဲ ဘုရားကျောင်းကို လေ့လာဖို့လာကတည်းက မိုက်ကယ်ကြောက်နေခဲ့သော တစ်စုံတစ်ရာပါ နိုးထလာခဲ့သည်။

အခုအချိန်မတိုင်ခင်ထိ သူ့ဘဝထဲမှာ ဒီလိုခံစားချက်မျိုး မရှိခဲ့ဖူးသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အပြစ်ကြီးလှသော လူသားတွေ တစ်ယောက်နှင့်တစ်ယောက်ချည်နှောင်ဖို့ အသုံးချကြသော အသုံးမကျသည့်ခံစားချက်များဟု သူတွေးခဲ့သောကြောင့် ဖြစ်သည်။ ယခုတော့ သူ့တွင် မြို့စားကို ချည်နှောင်ထားဖို့ တူညီသော ခံစားချက်၊ တူညီသော စိတ်ဆန္ဒတို့ ရှိနေခဲ့ပြီ။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now