Arc 1.18

4.2K 555 0
                                    

unicode

"မြို့စား, ကိုယ်တော်က မင်းဘေးကင်းဖို့ ထားတာပါ။ သည်အကာအကွယ်နဲ့ဆို ဘယ်သူမှ မင်းကို မထိခိုက်စေရဘူး"

မိုက်ကယ့်တွေးခေါ်ပုံနှင့် ပတ်သက်ပြီး ယူယွီကြောင်အသွားတော့သည်။ ရုတ်တရက် ယူယွီအခန်းပတ်လည်ကို ထိုးဖောက်လို့မရတဲ့ အတားအဆီးတစ်ခု တည်ဆောက်လိုက်ပြီး သူ့ကို အခန်းထဲမှာ ပိတ်လှောင်ထားသည်။ မိုက်ကယ့်ဂါထာသည် သူချက်ချင်း ခံစားလို့ရတာကြောင့် စွမ်းအားကြီးမှန်း ယူယွီသိသည်။

သာမန်လူတစ်ယောက်အဆင့်ထိ သူ့စွမ်းအားတွေ လျော့ကျသွားသည်ကို ယူယွီခံစားမိသည်။ သူသည် မိုက်ကယ့်ကို အေးစက်စွာကြည့်လိုက်ရင်း "ဘာကြောင့် ဒီလိုလုပ်ရတာလဲ? ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်လို့ အရှင့်သားကို ပြောပြီးသားပဲ။ အရှင်က အကြောင်းရင်းမရှိ စိုးရိမ်နေတာပဲ"

"ကိုယ်တော် အကြောင်းအရင်းမရှိ စိုးရိမ်နေတာမဟုတ်ဘူး!" မိုက်ကယ်သည် အလွန်အကြူး တုံ့ပြန်လိုက်သည်။ သူသည် မြို့စား ပျောက်ကွယ်သွားမှာကို မိနစ်တိုင်း စိုးရိမ်နေခဲ့သည်။ ထိုနိမိတ်ပုံသည် သူ့ကို ခြောက်လှန့်နေခဲ့သည်။ "အဲ့တာ ကိုယ်တော့်နိမိတ်ပုံထဲမှာ ရှိတယ်! ကိုယ်တော် အားလုံး မြင်ခဲ့တယ်။ ကိုယ်တော် မင်းရဲ့သေဆုံးမှုကို မြင်ခဲ့တယ်!"

ယူယွီသည် မိုက်ကယ့်၏ အကြောက်လွန်မှုကို အတော်လေး စိတ်ဆိုးသွားခဲ့သည်။ သူသည် သိသာစွာ အဆင်ပြေနေပြီး ဘယ်သူမှ အချိန်မရွေး သူ့ကို ဒုက္ခမပေးလာနိုင်ပေ။ အကယ်၍ တစ်ယောက်ယောက်ရှိလာရင်တောင် မိုက်ကယ်က အဲ့လူကို ဦးအောင်သတ်ပစ်မှာ ယူယွီသေချာသည်။ ယူယွီသည် မိုက်ကယ်ကို အေးစက်သော အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး "အရှင်က သူတော်စင်ဖြစ်နေပြီပဲ။ အရှင့်အာရုံတွေအားလုံးကို ကျွန်တော်မျိုးဆီမှာပဲ အာရုံမစိုက်ထားသင့်ဘူး"

"ဒါပေမဲ့ ကိုယ်တော် မင်းကို ကာကွယ်ချင်တယ်။ မြို့စား မင်းက ... ကိုယ်တော့်အတွက် တကယ်အရေးပါတယ်။ သူတော်စင်မကို ဆုံးရှုံးပြီးတဲ့နောက်မှာ မင်းကို ထပ်အဆုံးရှုံးမခံနိုင်တော့ဘူး။ သူမက ကိုယ့်အတွက် အမေလို ဖြစ်တည်မှုမျိုးပဲ ပြီးတော့ မင်းက... မင်းကတော့ ကိုယ်တော့်ရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ချစ်သွားမယ့်သူပဲ..."

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now